မြန်မာနိုင်ငံဂီတအစည်းရုံး(ဗဟို) က သတ္တမအကြိမ်မြောက် အသက်(၈၀)ပြည့်နှစ်နှင့်အထက် သက်ကြီးဂီတပညာရှင်တွေကို ဇူလိုင်လ ၁၄ရက်က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ JY IBC မှာပူဇော်ကန်တော့ ခဲ့ပါတယ်။၂၀၁၀ပြည့်နှစ်ကစတင်ကာ သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ သတ္တမအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ ပူဇော်ကန်တော့ပွဲကို ဂီတအလွှာပေါင်းစုံမှ ကန်တော့ခံပညာရှင်ကြီး  ၆၃ဦး ကိုဖိတ်ကြားခဲ့ပြီး ၄၃ဦး လာရောက် ကန်တော့ခံတယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံဂီတအစည်းရုံးအနေနဲ့ သက်ကြီးဂီတပညာရှင်တွေရဲ့ သာရေး၊နာရေး ကိစ္စတွေကို အလျဉ်းသင့်သလိုဆောင်ရွက်ပေးနေတာဖြစ်ပြီး နှစ်စဉ်ပူဇော်ကန်တော့ပွဲတွေပြုလုပ်ပြီး သက်ကြီးဂီတ ပညာရှင်တွေကို ထောက်ပံ့ကြေးများပေးအပ်တာတွေကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။သက်ကြီးဂီတပညာရှင်ကြီးတွေကို ပူဇော်ကန်တော့ငွေတွေအနေနဲ့ တစ်ဦးကို ငွေကျပ် ၂သိန်းစီ ကန်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခမ်းနားကိုလာရောက် ကန်တော့ခံခြင်းမရှိတဲ့ သက်ကြီးရွယ် အိုတွေကို အိမ်တိုင်ရာရောက် သွားရောက်ပူဇော်ကန်တော့သွားမယ်လို့ သိရပါတယ်။  
 
 

Related News