Lavie အိမ်တွင်းအလှဆင်ပရိဘောဂပစ္စည်းများမိတ်ဆက်ပွဲကို ဇူလိုင်(၁၅)ရက်က သာကေတ မြို့နယ်ရှိ Sweety Home Living Mall  မှာ ပြုလုပ်ခဲ့ပါတယ်။Lavie အိမ်တွင်းပရိဘောဂပစ္စည်းများကို Sweety Home ကုမ္ပဏီက တရုတ်နိုင်ငံရှိ  Lavie Furniture  ကုမ္ပဏီကနေ တင်သွင်းရောင်းချတာဖြစ်ပါတယ်။
 
Larvie အနေနဲ့ အိမ်တွင်းပရိဘောပစ္စည်းတွေဝယ်ယူရာမှာ ၀ယ်ယူသူတွေစိတ်တိုင်းကျ ဒီဇိုင်းတွေကိုရရှိနိုင်မယ့် နည်းပညာဝန်ဆောင်မှုတွေလည်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ Sweety Home ကုမ္ပဏီအနေနဲ့ကတော့ အိမ်တွင်းပရိဘောဂပစ္စည်းတွေကို ရန်ကုန်နဲ့ အနယ်နယ်အရပ်ရပ်မှာ ရောင်းချပေးနေတာဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ ၀ယ်ယူသူများ စိတ်ကျေနပ်မှုရရှိစေနိုင်မဲ့ Lavie အမှတ်တံဆိပ် အိမ်တွင်းပရိဘောဂပစ္စည်းများကို တင်သွင်းရောင်းချ ပေးတာဖြစ်တယ်လို့သိရပါတယ်။
 
Lavie ပရိဘောဂပစ္စည်းများကိုတော့ ရန်ကုန်မြို့သာကေတမြို့နယ်ရှိ Sweety Home Living Mall မှာ ဇူလိုင်(၁၅)ရက်ကစတင်ပြီး ပစ္စည်းများကို ဖြန်ချီပေးနေပြီလို့သိရပါတယ်။
 
 

Related News