Forever Group Co.ltd မိသားစု၏ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုကို ဇူလိုင်လ(၁၇) ရက်က စမ်းချောင်းမြို့နယ်မှာရှိတဲ့ ဝေဠုဝန်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ၀ါဆိုသင်္ကန်းကပ်လှူရာမှာ ဝေဠုဝန်ကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်(၄၁)ပါး၊ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာ ဓာတ်ပေါင်းစုစေတီမှာ သတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်(၁၂)ပါးတို့ကို အမှူးထားပြီး စုစုပေါင်းသင်္ကန်း(၅၃)စုံကိုကပ်လှူပူဇော်ခဲ့ပါတယ်။ ၀ါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းမှုကို Forever Group Co.ltdိ မှ တာဝန်ရှိလူကြီးများက ကပ်လှူပူဇော်ခဲ့ကြပြီး Forever Group Co.ltd  ရဲ့ ဌာနခွဲအသီးသီးက ၀န်ထမ်းများလည်း တက်ရောက်ခဲ့ကြ ပါတယ်။
အဲ့ဒီနောက် ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကို ရေစက်ချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ လှူဒါန်းမှုအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ ၀ါဆိုသင်္ကန်းကပ်လှူအပြီးမှာတော့ သံဃာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ 
 
 

Related News