ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ခူဦးရယ်ဦးဆောင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (့င်္ဃြ)ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့  ((DPN) တို့ဟာ သြဂုတ်လ ၁၀ရက်ရန်ကုန်မှာ တရားဝင်တွေ့ဆုံဆွေးနွေးနေကြပါတယ်။UNFC  မှာပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA  ထိုးနိုင်ဖို့ ခြောက်ကြိမ် မြောက်အဖြစ် တရားဝင်ဆက်လက်ညှိနှိုင်း ဆွေးနွေးနေကြတာ လည်းဖြစ်ပါတယ်။ UNFC  အဖွဲ့ဝင်တွေ NCA လက်မှတ်ထိုးဖို့ အခုလိုတရားဝင်နှစ်ဖက်တွေ့ဆုံဆွေးနွေးလာတာ တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။
 
UNFC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကတော့ UNFC  ဘက်က တင်ပြထားတဲ့ အချက်(၈)ချက်အတွက် အချိန် (၁၄)လလောက် ဆွေးနွေးနေရတာဟာ အရမ်းကြာမြင့် သလို ခံစားရတယ် လို့အခုတွေ့ဆုံမှုမှာ ပြောလိုက်ပါတယ်။ UNFC ဘက်ကတော့ ဆွေးနွေးမှုတွေမှာ မြေပြင်အခြေအနေတွေပါထည့်သွင်းစဉ်းစားတယ်လို့ပြောဆိုထားပြီး အခုလို တွေ့ဆုံတဲ့ အခန်းထဲအပြင် (အပြင်)မှာလည်း ယုံကြည်မှုတည်ဆောက်နိုင်ဖို့ လိုတယ်လို့ ဆက်ပြောပါတယ်။ UNFC အဖွဲ့ဝင်တွေအနေနဲ့ NCA အတွက် လမ်းကြောင်းအမျိုးမျိုးပြောင်းလဲမှာမဟုတ်ပဲ ရှေ့ပိုင်းမှာ  DOC   လို ကိစ္စတွေက လက်မှတ်မထိုးချင်လို့ အကြောင်းပြချက်တွေပေးနေတာမဟုတ်ပဲ နည်းလမ်းအမျိုးမျိုးနဲ့ စဉ်းစားနေတာဖြစ်တယ်လို့  DPN ခေါင်းဆောင် ခူဦးရယ်က ပြောပါတယ်။
 
တစ်နှစ်ကျော် ဆွေးနွေးမှုအပြီးမှာတော့ နိုင်ငံရေးဆွေးနွေးမှုတွေကို သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ဖို့နဲ့ အပစ်ရပ် နောက်ဆက်တွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာက ပူးတွဲပါဝင်နိုင်ဖို့ အချက်တွေက နှစ်ဖက်ဆက်လက် ဆွေးနွေး ရနေရဆဲဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ UNFC အဖွဲ့တွေအနေနဲ့ NCA လက်မှတ်ထိုးပြီး လာမယ့် ၂၁ ပင်လုံတတိယအစည်းအဝေးကို တက်ရောက်နိုင်ဖို့ မျှော်လင့်နေ တယ်လို့ ဒေါက်တာ တင်မျိုးဝင်းကတဆင့် UNFC  ထံ သတင်းစကားပါးလိုက်ပါတယ်။လက်ရှိ  UNFC မှာတော့NCA လက်မှတ်မထိုးရသေးတဲ့ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသား ကောင်စီ(ANC) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းရုံး (LDU)  တို့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၅)ဖွဲ့ပါဝင်ပါတယ်။ 
 
 
 

Related News