သုံးရက်တာကျင်းပမဲ့ မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော် မှာ စတင်ပြုလုပ်နေပါပြီ။မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ ရှိတဲ့ MICC-2  မှာ သြဂုတ်လ(၁၁)ရက်ကပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
 
ဒီအခမ်းအနားကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဖိတ်ကြားထားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ယခုဆွေးနွေးပွဲကို သြဂုတ်လ ၁၁ ရက်ကနေ သြဂုတ်လ၁၃ရက်အထိ သုံးရက်တာကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍတွေအပါအ၀င် ခေါင်းစဉ်(၆)ခုနဲ့ ဘက်စုံဒေါင့်စုံ ကနေ ဝေဖန်သုံးသပ်ကြမှာဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ နေရာကို ရှင်းရှင်းလင်းလင်းသိလာမယ်လို့ ဆိုပါတယ်။
 
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို ပါဝင်ဖို့ရာအတွက် ပြည်တွင်း ပြည်ပပညာရှင်တွေကို ဖိတ်ကြားထားပြီးအဲဒီထဲမှာ နိုင်ငံရေးသိပ်္ပံပညာရှင်တွေ၊ သုတေသီတွေ၊ စီစစ်ဝေဖန်သူတွေ၊ လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ဆောင်ရွက်နေသူတွေ၊ အခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်မှာကိုယ်တိုင် ပါဝင်ခဲ့သူတွေအပါအ၀င် ပြည်တွင်းပြည်ပပညာရှင်(၄၂) ယောက်က ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
 
 
 
 
 
 

Related News