ရွှေ့ပြောင်းနေထိုင်သူတွေလိုက်လာတဲ့ ရော်ဘာလှေတစ်စင်းဟာ စပိန်နိုင်ငံက နာမည်ကျော် အပန်းဖြေစခန်းတစ်ခုအတွင်း ကို ဆိုက်ကပ်မှုဖြစ်ပွားခဲ့ပါတယ်။ မြောက်အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပင်လယ်ပြင်ကို ဖြတ်ပြီး ဥရောပကို ၀င်ရောက်မြှု မင့်တက်နေတာပါ။ ရွှေ့ပြောင်းနေထိုင်သူဒါဇင်ချီလိုက်ပါလာတဲ့ ရော်ဘာလှေတစ်စင်းဟာ စပိန်နိုင်ငံတောင်ပိုင်းက နာမည်ကျော် အပန်းခြေ စခန်း တစ်ခုကို ဆိုက်ကပ်လာတဲ့ဗီဒီယိုတစ်ခု အင်တာနက်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ကမ်းခြေ ကို ရောက်ဖို့ လှေပေါ်က ခုန်ချပြီး ကမ်းခြေတစ်လျှောက်ပြေးလွှားနေတာတွေကို အပန်းဖြေခရီးထွက်လာသူတွေက ကြည့်နေကြ တဲ့ရုပ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီလှေဟာ ဂျီဘရယ်တာရေလက်ကြားကိုဖြတ်ပြီးနောက် အန်ဒါလူဇီယာ ကမ်းခြေကို ဆိုက် ရောက်လာတာပါ။
 
ဒီရော်ဘာလှေဘယ်က စတင်ထွက်ခွါလာ တယ်ဆိုတာကို မသိရသေးသလို စပိန်ရဲတပ်ဖွဲ့ကလည်း သတင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ရာသီဥတုအခြေအနေကြောင့် စပိန်နိုင်ငံရဲ့ကမ်းခြေတွေကို  ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်မှုမြင့်တက်လာနေပါတယ်။ သြဂုတ်လ ၁ ရက်တုန်းကလည်း ဆာဟာရ အာဖရိက ဒေသက ရွှေ့ပြောင်း ၇၀ နီးပါးဟာ မော်ရိုကိုမြောက်ပိုင်းကနေ စပိန်နိုင်ငံပိုင် စီအူတာဒေသအတွင်း ၀င်ရောက်ဖို့ကြိုးစားရင်း နယ်စပ်မှာ ကာထားတဲ့သံဆူးကြိုးပြားတွေနဲ့ငြိမ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
 
အဲဒီလူတွေထဲက အယောက် ၆၀ နီးပါးဟာ စပိန်နယ်မြေ ထဲကို ၀င်ရောက်နိုင်ခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့ကပြောပါတယ်။ အယောက် ၁၀၀၀ ကနေ ၁၅၀၀ အတွင်းရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အီအူတာဒေသထဲဝင်ဖို့ နယ်စပ်က သစ်တော တွေမှာ စခန်းချနေခဲ့ကြတာပါ။ပင်လယ်ကနေ တစ်ဆင့် စပိန်နိုင်ငံထဲဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းအရေအတွက်ဟာ အနှစ်ကထက်စာရင် လျော့ကျသွားတဲ့အခြေအနေမှာရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 
 
 
 

Related News