City Mart  စူပါမားကတ် ဆိုင်ခွဲတွေမှာ Systems, Applications and Products (SAP)  မှတီထွင်ထားတဲ့ S/4HANA Digital နည်းပညာသစ်ကို အသုံးပြုဖို့အတွက် သြဂုတ်လ(၁၁)ရက်က Novotal Hotel  မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ S/4HANA Digital   နည်းပညာသစ်ကို City mart  စူပါမားကတ်များမှာ အသုံးပြုခြင်း ကြောင့် ထုတ်လုပ်နိုင်မှု စွမ်းအားပိုမို မြင့်တက်လာပြီး လုပ်ငန်းအတွင်း စွမ်းဆောင်ရည်တွေ မိုပိုမြင့်မားလာမှာဖြစ်တယ်လို့ သိရပါတယ်။Digital    နည်းပညာ စနစ်ကို ကူးပြောင်းခြင်းအားဖြင့် ကုမ္ပဏီအတွင်းမှာရှိတဲ့ ကုန်သိုလှောင်ရုံ စာရင်းနဲ့ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။
 
ဒါ့အပြင် ကုန်ကျစားရိတ်နဲ့ အသုံးစားရိတ်တွေကိုလျော့ချနိုင်ပြီး မရှိမဖြစ် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီမျှဝေနိုင်မှာဖြစ်တယ်လို့ SPA  မှ တာဝန် ရှိသူကပြောပါတယ်။ City Mart   စူပါမားကတ်အနေနဲ့ SAP  ရဲ့ S/4HANA  ရဲ့ ပထမအဆင့် အကောင်အထည် ဖော်မှုမှာ စာရင်းကိုင်နည်းပညာ၊ ငွေကြေးစီမံခန့်ခွဲမှု နည်းပညာ၊ရွှေ့ပြောင်းလို့မရတဲ့ ပစ္စည်းတွေ အတွက် ထိန်းသိမ်းစောင့်ရှာက်မှုတွေကို ယခင်စနစ်ဟောင်းနဲ့ ယခုပြုလုပ်မယ့် စနစ်သစ်ကို တွဲဖက်အသုံးပြုနိုင် ဖို့အတွက် ပြုလုပ်ထားတယ်လို့ သိရပါတယ်။
 
ဒီစနစ်ကို အသုံးပြုခြင်းအားဖြင့် ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုလည်း စုစည်းထိမ်းချုပ်နိုင် ပြီးအရာအားလုံးကို မှန်မှန်ကန်ကန်လုပ်ဆောင်သွားနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။SAP  ရဲ့S4/HANA   ဆော့ဝဲလ်ကို City Mart  စူပါမားကတ်မှာအသုံးပြုရာမှာ ၀ယ်ယူသူတွေကို တိုက်ရိုက် သက်ရောက်မှုမရှိပေမယ့် စူပါမားကတ်အတွင်း ပစ်္စည်းပြတ်လပ်ခြင်း ကို အချိန်နဲ့တပြေးညီ သိရှိနိုင်မှာဖြစ်လို့ သွယ်ဝိုက်တဲ့သဘောမျိုးနဲ့တော့ သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။  City Mart Holding Company Limited ဟာ ယခုအချိန်မှာ ၀န်ထမ်းပေါင်း (၈၆၀၀)ကျော်နဲ့ ဆိုင်ခွဲပေါင်း(၂၀၀)ကျော်ကိုဖွင့်လှစ်ထားတဲ့Company   တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

Related News