ရွှေတိဂုံစေတီတော်ရင်ပြင်တော်မှာ ခင်းထားတဲ့ အပူခံကျောက်ပြားတွေကို အပူဒဏ် ခံနိုင်အောင်လို့ အသစ် ပြန်လည်လဲလှယ်နေပြီး (၅၀)ရာခိုင်နှုန်း အထိပြီးစီးနေပြီလို့ သိရပါတယ်။ ကျောက်ပြားခင်းကျင်းမှုကို ဘုရားဖူးပြည်သူတွေ ဘုရားရင်ပြင်တော်ကိုပတ်တဲ့ ပတ်လမ်း တစ်လျှောက်မှာ အဓိကထားခင်းကျင်းနေတာဖြစ်ပြီး အများပြည်သူတွေ ဘုရားဖူးနိုင်အောင် နေရာ အနည်းငယ်သာယူပြီး ခင်းကျင်းနေတယ်လို့သိရပါတယ်။ ဒီလိုကျောက်ပြားခင်းကျင်းမှုကိုတော့ ရွှေတိဂုံဘုရားကြီးအတွက် ဘက်စုံရရှိတဲ့ လှူဒါန်းငွေထဲက ပြုလုပ်နေတာ ဖြစ်သလို ကျောက်ပြား အတွက် ကျောက်ပြားတစ်ချပ်လျင်ငွေကျပ်(၃)ထောင်နဲ့ သီးသန့်ကောက်ခံထားတဲ့ အလှူငွေတွေကလဲ အသုံးပြု နေတာဖြစ်တယ်လို့ သိရပါတယ်။
 
အခုလိုအပူခံ ကျောက်ပြားတွေလဲလှယ်ရာမှာ ပထမ ဦးစားပေးအဖြစ် Grade A အဆင့်ရှိတဲ့ ကျောက်ပြား(၄သောင်းလေးထောင်)ကို အောက်တိုဘာလမှာအပြီး လဲလှယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်ရှိတဲ့နေရာတွေကိုတော့ နောက်မှတဖြည်းဖြည်းချင်း လဲလှယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကျောက်ပြား(၂)သောင်းကျော်ကို လဲလှယ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပတ်လည်မှာ ခင်းကျင်းထားတဲ့ကျောက်ပြားတွေဟာ (၁၉၉၆)ခုနှစ်ကတည်းက ခင်းထားတဲ့ကျောက်ပြားတွေဖြစ်ပြီး ကာလကြာလာတာနဲ့ အမျှအပူဒဏ်ကို ခံနိုင်ရည်မရှိတော့တာကြောင့် အသစ်ပြန်လည်လဲလှယ်ရတာဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News