ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားပြုပြင်မှုကို သြဂုတ်လကတည်းက စတင် ဆောင်ရွက်နေတာဖြစ်ပြီး ကန်ပတ်လမ်းပြုပြင်ဆောင်ရွက်နေစဉ် ပြင်ဆင်နေတဲ့အပိုင်းကို ခေတ္တပိတ်ထားတာတွေပြုလုပ်ထားမယ်လို့ သိရပါတယ်။ 

ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားက သက်တမ်း(၂၄)နှစ်ရှိပြီဖြစ်ပြီး တံတားအရှည်က ပေပေါင်း(၆ထောင်)ကျော်ရှိပါတယ်။ လက်ရှိမှာ  ကန်ပတ် လမ်းတံတားဟာ သစ်သားတံတားဖြစ်ပြီး နှစ်ပေါင်းကြာမြင့်လာတဲ့အတွက် သစ်သားတိုင်တွေဟာ ဆွေးမြေ့နေပါပြီ။ သစ်သားတံတားဟာ ဆွေးမြေ့နေပြီဖြစ်တဲ့အတွက် ကန်ပတ်တံတားလမ်းအပေါ်မှာ မနက်စောစော အားကစားလာလုပ်သူတွေနဲ့ အပန်းဖြေနားနေသူတွေအတွက်ကတော့ တံတားကျွံကျတာတွေအပြင် တခြားအန္တရာယ်တွေပါ ရှိလာနိုင်တယ်လို့ ပြောပါတယ်။ 

အခုဆိုရင်တော့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကလည်း ကန်တော်ကြီးပန်းခြံ အတွင်းမှာရှိတဲ့ ကန်ပတ်တံတားကို သစ်သားအစား ကွန်ကရစ်တံတားအဖြစ် ပြန်လည်အဆင့်မြှင့် တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အောက်ခြေက သစ်သားတိုင်တွေအစား ကွန်ကရစ်တိုင်တွေကို အစားထိုးအသုံးပြု သွားမှာဖြစ်ပြီး တံတားအပေါ်က အခင်းပြားကိုလည်း နိုင်ငံတကာအဆင့်မီဒီဇိုင်းတွေ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကန်တော်ကြီးအတွင်းက ကန်ပတ်လမ်းတံတားကို သစ်သားအစားကွန်ကရစ်တံတား အစားထိုးပြန်လည်ပြင်ဆင်ခဲ့မယ်ဆိုရင် တံတားအပေါ်မှာ အားကစားလုပ်တဲ့ပြည်သူတွေနဲ့ အပန်းဖြေတဲ့ပြည်သူတွေအတွက် ပိုအဆင်ပြေနိုင်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ကန်တော်ကြီးအတွင်းမှာရှိတဲ ကန်ပတ်လမ်းတံတား ပြန်လည် ပြင်ဆင်မှု အပိုင်းကို သြဂုတ်လကစပြီး ဦးထောင်ဘိုအ၀ိုင်းထိပ်မှ မျှော်စင်ကျွန်းအထိ ပြန်လည်ပြင်ဆင် နေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

Related News