ပန်းချီမင်းမင်းထိုက်ရဲ့ Face  လို့ အမည်ပေးထားတဲ့ ပထမဆုံးအကြိမ်တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်ရှိတဲ့ (၄၃)  Art Gallery  မှာ အောက်တိုဘာလ(၇)ရက်မှ (၁၁)ရက်ထိ ၅ရက်တာကျင်းပပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ပန်းချီပြပွဲမှာ ပန်းချီမင်းမင်းထိုက်မှမျက်နှာအမူအရာတွေကို အဓိကရေးဆွဲထားတာဖြစ်ပြီး ပန်းချီကားတွေကိုတော့ ခဲတစ်မျိုးထဲနဲ့သာရေးဆွဲထားတာဖြစ်ပါတယ်။    ပန်းချီပြပွဲမှာတော့  ပန်းချီကားပေါင်း(၄၈)ကားပါဝင်ပြသထားတာဖြစ်ပြီး ပန်းချီကားတွေရဲ့ ဈေးနှုန်းတွေကတော့ အနည်းဆုံး ဒေါ်လာ(၂၀၀)မှ (၅၀၀)အထိ ဖြစ်ပါတယ်။ပန်းချီမင်းမင်းထိုက်ဟာ သူရဲ့ ပန်းချီကားတွေကို ၂၀၁၀ခုနှစ်ကစတင်ပြီး ပန်းချီပြပွဲတွေမှာပါဝင်ပြသနေတာဖြစ်ပြီး တစ်ကိုယ်တော်ပန်းချီပြပွဲပြုလုပ်လုပ်တာကတော့ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News