The 5th Asian SME Conference   ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်  မှာ အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ အောက်တိုဘာ ၁၀ရက်က UMFCCI   မှာ ပြုလုပ်တဲ့  စာနယ်ဇင်းရှင်းလင်းပွဲမှ သိရပါတယ်။

Internation Council of Small Business (ICSB) က ၅ကြိမ်မြောက် Asian SME Conference ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လာရောက်ပြုလုပ်တာဖြစ်ပါတယ်။ ဒီ Conference  မှာ အာဆီယံ၊ အာရှနဲ့ နိုင်ငံတကာက SME  လုပ်ငန်းရှင်တွေ ပညာရှင်တွေ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပြီး ပြည်တွင်းက SME လုပ်ငန်းတွေအတွက် နည်းပညာနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ရရှိနိုင်မှာဖြစ်လို့ SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတတ်ဖို့ များစွာအထောက်အကူ ပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 The 5th Asian SME Conference ကို  ICSB Myanmar ၊UK Aid ၊The DaNaFacility ၊ International Leadership Academy၊Ford Motors Myanmar  တို့က ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ၀န်ကြီးဌာန ၃ ခုလောက်ကို တက်ရောက်ဖို့ ဖိတ်ကြားထား တယ်လို့ သိရပါတယ်။

 

 

Related News