ဆန်သစ်တွေဝင်ရောက်လာတာကြောင့် ပြည်တွင်းစားသုးံမှုများတဲ့ ဆန်ချောအုပ်စုဝင် ဆန်အမျိုးအစားတွေကတော့ အနည်းငယ်ဈေးကျဆင်းလာတယ်လို့ သိရပါတယ်။ ဆန်သစ်တွေ ပေါ်တဲ့နိုဝင်ဘာလအတွင်း ရောက်လာတာကြောင့် ရန်ကုန်မြို့ကို ဆန်အသစ်တွေ ၀င်ရောက်နေပါပြီ။ ဒါကြောင့်လည်း ပြည်တွင်းစားသုးံမှုများတဲ့ ဆန်ချောအုပ်စုဝင် ပေါ်ဆန်းအမျိုးအစား ဆန်အသစ်တွေကတော့ ဈေးနှုန်းတွေကျဆင်းလာပါတယ်။ ဆန်ချောအမျိုးအစား ဆန်ဟောင်းတွေနဲ့ ပြည်ပနိုင်ငံကို တင်ပို့နေတဲ့ ဆန်ကြမ်းတွေကတော့ ဈေးနှုန်းမကျသေးဘူးလို့ ၀ါးတန်းကုန်စည်ဒိုင် ဥက်္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
 
ရန်ကုန်ကို ဆန်ဝင်ရောက်မှုမှာလည်း တဖြည်းဖြည်း များလာနေပြီး ဆန်အသစ်တွေဝင်ရောက်မှု များပြားလာရင် ဆန်ချောအသစ်တွေကတော့ ဈေးထပ်ကျဖို့ ရှိတယ်လို့ ၀ါးတန်းကုန်စည်ဒိုင်က ဆန်ကုန်သည်တွေက ပြောပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆန်ချောအမျိုးအစား ဆန်အသစ်တွေဟာ ဆန်တစ်အိတ် သုးံသောင်းငါးထောင် ကျပ်အထိ ဈေးပေါက်ခဲ့ပြီး  နိုဝင်ဘာ ၁၁ ရက်မှာတော့ သုးံသောင်းသုးံထောင်ကျပ်ဈေးပဲ ရှိနေတယ်လို့ ပြောကြပါတယ်။
 
လက်ရှိအချိန်မှာတော့ ဆန်အသစ်ဝင်ရောက်လာတာ တစ်ပတ်လောက်သာရှိသေးတာဖြစ်ပြီး ဆန်သစ်တွေရဲ့ စိုထိုင်းဆကြောင့် အရည်အသွေးကွဲပြားတာတွေလည်းရှိနေတယ်လို့ ဆန်ကုန်သည်တွေကပြောပါတယ်။ ဒီလို အရည်အသွေးပေါ်မူတည်ပြီးတော့ ဆန်ဈေးနှုန်းတွေ ကွဲပြားတာဖြစ်တယ်လို့ ပြောပါတယ်။ဝါးတန်းကုန်စည်ဒိုင်ကို ဆန်ချောအုပ်စုဝင်တွေဖြစ်တဲ့ ပေါ်ကျွဲ၊ပေါ်ဆန်း ဆန်တွေကို ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး၊ မော်ကျွန်း၊ လပွတ္တာ၊ ၀ါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ၊ ပုသိမ်၊ ကျိုတ်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ရန်ကုန်တိုင်းဒေသကြီးက တွံတေး၊ ကွမ်းခြံကုန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးက ရွှေဘိုက ပေါ်ဆန်းမွှေးနှင့် ပေါ်ကျွဲ အမျိုးအစား ဆန်ချောတွေဝင်ရောက်နေပါတယ်။
 
နိုဝင်ဘာ ၁၁ ရက်ရဲ့ ပေါ်ဆန်းမွှေး တစ်အိပ်ဈေးကတော့ ၃၂၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ် အကြား၊ ပေါ်ကျွဲ တစ်အိပ်  ၃၁၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ် အကြား ဆန်ထွက်ရှိရာဒေသအလိုက် ဈေးပေါက်နေတယ်လို့သိရပါတယ်။ ရွှေဘိုပေါ်ဆန်း တစ်အိပ်ကိုတော့ ၅၀၀၀၀ ကျပ်မှ ၅၃၅၀၀ ကျပ်အကြား ပေါက်ဈေးရှိနေပါတယ်။
 
 

Related News