ကျိုက်ထီးရိုးဘုရားဖူးပြည်သူများ ဘုရားရင်ပြင်ကို သက်သာစွာဖူးမြော်လို့ ရနိုင်မယ့် ကျိုက်ထီးရိုးကေဘယ်(လ်)ကားပြေးဆွဲမှုကို ကိုဇန်န၀ါရီလဆန်းမှာ စတင်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ရသေ့တောင်ကနေ ကျိုက်ထီးရိုးဘုရား အထိပြေးဆွဲပေးမယ့်ကေဘယ်(လ်)ကားစီမံကိန်းကို ပြင်သစ်နည်းပညာနဲ့ တည်ဆောက်နေတာဖြစ်ပြီး လက်ရှိမှာကေဘယ်(လ်)ကားပြေးဆွဲပေးဖို့အတွက်စတင်စမ်းသပ်မှု တွေပြုလုပ်နေပြီ ဖြစ်တယ်လို့သိရပါတယ်။
 
ကေဘယ်(လ်)ကားစီမံကိန်းမှာ တည်ဆောက်ရေးအပိုင်းတွေ ပြီးစီးနေပြီဖြစ်ပေမယ့် ဘုရားဖူးပြည်သူတွေရဲ့လုံခြုံရေးအပိုင်းနဲ့ပက်သက်လို့ စိတ်ချရအောင်လုံခြုံရေးအပိုင်းကို အဓိကဆောင်ရက် နေတယ်လို့သိရပါတယ်။အဲဒီ့အတွက်နေ့စဉ်အနည်းဆုံးတစ်ကြိမ်ခန့်စမ်းသပ်ပြေးဆွဲမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ်။ကျိုက်ထီးရိုးကေဘယ်(လ်)ကား စီမံကိန်းအတွက်ပြေးဆွဲမယ့် ကေဘယ်(လ်)ကားတွေကို တစ်စီးမှာဘုရားဖူးခရီးသည်(၈)ယောက်ဆံ့ပြေးဆွဲပေးမှာဖြစ်ပြီး စုစုပေါင်း(၁၂)စီး ပြေးဆွဲပေး သွားမှာဖြစ်တယ်လို့သိရပါတယ်။
 
ကေဘယ်(လ်)ကားပြေးဆွဲမှုကြာမြင့်ချိန်မှာ မိနစ(၂၀)ခန့်သာကြာမြင့်မှာဖြစ်တယ်လို့သိရပါတယ် ဘုရားဖူးခရီးသည်တွေအတွက် အသက်အရွယ်ကန့်သတ်မှုမရှိပဲ ပြည်တွင်းခရီးသွားသာမကပဲပြည်ပခရီးသွားတွေပါ စီးနိင်မှာဖြစ်ပြီး ဈေးနူန်းမသတ်မှတ်ရ သေးဘူးလို့သိရပါတယ်။ လက်ရှိမှာ ကျိုက်ထီးရိုးဘုရားကို တောင်တက်ကားတွေနဲ့သာ သွားရောက် ရတဲ့အတွက် ကေဘယ်(လ်)ကားစီမံကိန်းပြီးသွားပါကသက်ကြီးရွယ်အိုတွေ အတွက် အဆင်ပြေမှု ရှိမယ်လို့ဘုရားဖူးပြည်သူတွေက ပြောပါတယ်။
 
ကေဘယ်(လ်)ကား စီမံကိန်းမှာ တင်ဆောင်နိုင်မယ့် အလေးချိန်ကန့်သတ်သွားမှာဖြစ်ပြီး ဘုရားဖူးများအတွက် နားနေဆောင်တစ်ခုကိုလည်းတည်ဆောက်သွားမှာဖြစ်တဲ့အပြင် ကယ်ဆယ်ရေး အတွက် မီးသတိတပ်ဖွဲ့ဝင်တွေလည်းထားရှိသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
 
 

Related News