အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာန မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တတိလောကာဘိဝံသရဲ့ ဗုဒ္ဓတ္ထစရိယာ (အသိပညာဖွံ့ဖြိုးရေး)ဖောင်ဒေးရှင်းမှ နှစ်စဉ် ဦးစီးကျင်းပတဲ့ အင်းစိန်မြို့နယ်လုံးဆိုင်ရာ တက်္ကသိုလ်ဝင်တန်း(ထူးချွန်) ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁၃)ရက်က အင်းစိန်မြို့နယ်မှာရှိတဲ့ ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 
 
၂၀၁၆၊ ၂၀၁၇ပညာသင်နှစ်ရဲ့ အင်းစိန်မြို့နယ်လုံးဆိုင်ရာ တက်္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ(၈၇)ဦးကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာတော့ ဘာသာစုံဂုဏ်ထူးရှင် (၁၁)ဦး၊ ငါးဘာသာဂုဏ်ထူး ရှင် (၂၉)ဦးနဲ့ လေးဘာသာဂုဏ်ထူးရှင် (၄၇)ဦးတို့ကို ဗုဒ္ဓတ္ထစရိယာ (အသိပညာဖွံ့ဖြိုးရေး)ဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုအသီးသီးချီးမြှင့် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 
 
အနာဂတ်မျိုးဆက်သစ်များကို ပညာရေး၊ လူမှုရေးနှင့် ဘာသာရေးစတဲ့ အသိပညာနှင့် အတတ်ပညာများကို ဖွံ့ဖြိုးတိုးတက် စေရုံသာမကပဲ အခုလို ထူးချွန်သူများကို အသိမှတ်ပြုချီးမြှင့်ပေးတဲ့အတွက် ပိုမိုကြိုးစားလိုစိတ်ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားမှာတော့ အင်းစိန်မြို့နယ်လုံးဆိုင်ရာ ကျောင်းပေါင်း (၁၁)ကျောင်းမှ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးလျှင်(၁သိန်း ၂သောင်း)ကျပ်၊ ငါးဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင်(၁သိန်း)ကျပ်နဲ့ လေးဘာသာဂုဏ်ထူးရှင် တစ်ဦးလျှင် (၈သောင်း)ကျပ်စီ အသီးသီး ချီးမြှင့်ပေးသွားတာပဲ ဖြစ်ပါတယ်။
 
ဒ့ါပြင် ပညာတော်ပြီးဆင်းရဲနွမ်းပါး သူများကို လစဉ် ပညာသင်စရိတ် ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ဗုဒ္ဓတ္ထစရိယာ (အသိပညာဖွံ့ဖြိုးရေး)ဖောင်ဒေးရှင်းမှ အခုလို တက္ကသိုလ်ဝင်တန်း(ထူးချွန်) ကျောင်းသား ကျောင်းသူများကို နှစ်စဉ်ဂုဏ်ပြုဆု ချီးမြှင့်နေတာဖြစ်ပြီး၊ ဗုဒ္ဓတ္ထစရိယာ ဘာသာရပ်သင်တန်း၊ Computer  သင်တန်းများ၊ Mobile သင်တန်း၊ English စာသင်တန်းများကိုလည်း လက်ရှိဖွင့်လှစ်သင်ကြားပေး နေတယ်လို့သိရပါတယ်။
 
 
 

Related News