စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ရတနတ္တယသမဂ္ဂ၀တ်အသင်းအနေနဲ့ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို နှစ်စဉ်ရွှေစင်ရွှေသားရွှေပြားများ ကပ်လှူနေရာမှာအခုနှစ်ဆို( ၆၇)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ အခုနှစ်မှာလည်း ရွှေတိဂုံစေတီတော်ကြီးကိုရွှေပိဿာချိန် (၂)ပိဿာနဲ့ညီမျှတဲ့ရွှေပြား သင်္ကန်းတော်တွေ သွားရောက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ဝါတွင်းလေးလပတ်လုံးအပတ်စဉ်စနေ၊တနင်္ဂနွေနေ့တွေတိုင်း စမ်းချောင်းမြို့နယ်ရဲ့ ရပ်ကွက်ကြီး (၁၈)ခုနဲ့ ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက်တစ်ချို့ဆီကနေ အလှူခံရရှိတဲ့အလှူငွေတွေ၊အာစိန်နကန်စုဗူးတွေ ကရရှိတဲ့ အလှူငွေတွေ၊နဲ့တစ်ဦးချင်းအလှူရှင်တွေရဲ့ လှူဒါန်းငွေတွေစုပေါင်းပြီး အခုလို ပြန်လည်လှူဒါန်း တာဖြစ်ပါတယ်။
 
အခုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ငွေကျပ် သိန်း(၁၂၀၀)တန်ဖိုးရှိတဲ့ ရွှေပြားသင်္ကန်းတော်တွေ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ရွှေ(၆)ကျပ်သား ရွှေသင်္ကန်းတော်မြတ် (၅)ချပ်၊ ရွှေ(၅)ကျပ်သား ရွှေသင်္ကန်းတော်မြတ် အချပ်(၃၀)၊နဲ့ ရွှေ(၁)ကျပ်သား ရွှေသင်္ကန်းတော် မြတ်အချပ်ပေါင်း (၁၂၀)အဖြစ်သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့သိရပါတယ်။ဒီဇင်ဘာ(၂)ရက်နေ့ကတော့ သွားရောက်လှူဒါန်းမယ့်ရွှေပြားသင်္ကန်းတော်တွေကို လှည့်လည် အပူဇော်ခံခဲ့ပါတယ်။
 
အခုလှူဒါန်းမှုနဲ့အတူ ဒီဇင်ဘာ(၈)ရက်နေ့က (၁၄)ရက်နေ့အထိ ဓမ္မပူဇာ သဘင်ကို ကျင်းပမှာဖြစ်သလို ဒီဇင်ဘာ (၁၇)ရက်နေ့မှာလည်း သံဃာတော်အပါး (၃၈)ပါးကိုလည်း စာရေးတံမဲများ လောင်းလှူ ပူဇော်မှာဖြစ်တယ်လို့သိရပါတယ်။စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်၊ ရတနတ္တယသမဂ္ဂ၀တ်အသင်းအနေနဲ့ အခုလိုနှစ်စဉ် လှူဒါန်းနေရာမှာ လက်ရှိအချိန်ထိ ရွှေအလေးချိန်(၁၉)ပိဿာ (၂၅)ကျပ်သားရှိတဲ့အထိ ရွှေပြားသင်္ကန်း တော်တွေကို ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှူဒါန်းထားပြီးဖြစ်တယ်လို့သိရပါတယ်။
 
 
 

Related News