ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး Air KBZ  မှအဓိက ကူညီပံပိုးကာ Myanmar Media Group  မှစီစဉ်တဲ့စတုတ္ထအကြိမ် Air KBZ ရွှေအောင်လံပွဲကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာလ (၂)ရက်နေ့ ည (၆) နာရီအချိန်က ရန်ကုန်မြို့ Central ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။စတုတ္ထအကြိမ် Air KBZ  ရွှေအောင်လံ မြန်မာ-ပြင်သစ်-ဂျပန် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကိုတော့ လာမယ့်ဒီဇင်ဘာလ (၁၀) ရက်နေ့ နေ့လယ် (၂) နာရီအချိန် လက်ဝှေ့ တွဲဆိုင်း (၇) ဆိုင်းနဲ့ ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
 
ရွှေအောင်လံပွဲမှာတော့ အဓိကတွဲဆိုင်းအဖြစ် MLWC ရွှေခါးပတ်ချန်ပီယံ ဖျံသွေး (ရွှေမိုးထိငြိမ်းချမ်းရေး)နဲ့ MLWC ရွှေခါးပတ်ချန်ပီယံ စောဂေါ်မူဒို (သတ္တိ)တို့ ထိုးသတ်မှာ ဖြစ်ပြီး အဆိုပါကစားသမား (၂) ဦးရဲ့ စတုတ္ထအကြိမ် ကြိမ်မြောက်တွေ့ဆုံမှု ဖြစ်ပြီး တတိယအကြိမ်မြောက်မှာတော့ ဖျံသွေးက အနိုင်ရရှိခဲ့ပါတယ်။ နောက်ထပ်စိန်ခေါ်ပွဲတစ်ပွဲကတော့ Air KBZ အောင်လံရွှေခါးပတ်ချန်ပီယံ ဒေ့ဗ် (ခေါ်) ဒေ၀ (မြန်မာ) နဲ့ ကမ္ဘာ့ကစ်ဘောင်ဆင်ချန်ပီယံ ပြင်သစ်နိုင်ငံသား ကော်တန်ယာလွန် တို့ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ စတုတ္ထအကြိမ် Air KBZ ရွှေအောင်လံပွဲရဲ့ လက်မှတ်ဈေးနှုန်းတွေကတော့  တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းဆိုပြီး သတ်မှတ်ထားပါတယ်။
 
 
 

Related News