လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်း၊ လှိုင်မြို့နယ်ဗုဒ္ဓစာပေအဖွဲ့နဲ့ လှိုင်မြို့နယ်ပညာရေးမှူး ရုံးတို့ ပူးပေါင်းပြီး အနုပညာပွဲတော်ကို ဒီဇင်ဘာလ(၃)ရက်နေ့က လှိုင်မြို့နယ် အ.ထ.က(၁)မှာ ကျင်းပခဲ့ပါတယ်။ဒီအနုပညာပွဲတော်ကို လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိတဲ့ကျောင်းပေါင်း (၃၈)ကျောင်းက ကျောင်းသူ၊ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်ကြတာပါ။ အခုလိုအနုပညာပွဲတော်ပြုလုပ်ပေးတာဟာ ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အနုပညာဘက်မှာပါ ထူးချွန်ထက်မြက်စေဖို့အတွက် ရည်ရွယ်ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုကျင်းပခဲ့တဲ့အနုပညာပွဲတော်မှာ ကျောင်းသား၊ ကျောင်းသူ(၃၂၅)ဦးမှ အဆို၊ အကတွေ အပြင် ပန်းချီကားပေါင်း (၁၆)ကား၊ ကာတွန်း၊ ကဗျာရေးစပ်ပုံတွေကိုလည်း ပြသခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်းဆုများ ပေးအပ်ချီးမြှင့်သွားမယ်လို့သိရပါတယ်။ အနုပညာပွဲတော်ကို ကျင်းပဖို့အတွက် (၂)နှစ်နီးပါးအချိန်ယူခဲ့ရပြီး အခုနှစ်မှသာ ကျင်းပခွင့် ရတာဖြစ်ပါတယ်။ ဒါ့ကြောင့်အနုပညာပွဲတော်ကို နှစ်စဉ်ကျင်းပသွားနိုင်ဖို့အတွက် လှိုင်မြို့နယ် သာသနနုဂ္ဂဟအသင်း၊ လှိုင်မြို့နယ်ဗုဒ္ဓစာပေအဖွဲ့နဲ့ လှိုင်မြို့နယ်ပညာရေးမှူးရုံးတို့ကလည်း ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 
 
 
 
 

Related News