လာမယ့် ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အဖြေလွှာစစ်ဆေးမယ့် ဆရာ၊ ဆရာမ တွေ အတွက် အဖြေလွှာစစ်ဆေးခ နှုန်းထားများတိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။အရင်နှစ်ကတော့ တက္ကသိုလ် ၀င်တန်းစာမေးပွဲအတွက် စာစစ်ခ အဖြေလွှာတစ်အုပ်ကို ၇၀ ကျပ်နှုန်း ထားသာ သတ်မှတ်ထားပေမယ့် အခုနှစ်မှာတော့ အဖြေလွှာတစ်အုပ်ကို (၃၀၀)ကျပ် အထိတိုးမြှင့် သတ်မှတ်ပေးလိုက်တယ်လို့သိရပါတယ်။ဒါ့အပြင် လာမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ  ကြီးကြပ်ရေးမှူးနဲ့ တွဲဖက်ကြီးကြပ်ရေးမှူး တစ်ဦးကို စာမေးပွဲတစ်ရက် ၃၀၀၀ ကျပ်နှုန်းနဲ့ လက်ထောက်ကြီးကြပ်ရေးမှူး တစ်ဦးကို ၁၈၀၀ကျပ် နှုန်းထားသတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
 
အဖြေလွှာကို စစ်ဆေးမယ့်ဆရာ၊ ဆရာမတွေကိုတော့ အဆင့်မြင့်ပညာဦးစီးဋ္ဌာနလက်အောက် တက္ကသိုလ်ကြီး ဆယ်ခုရဲ့စီစဉ်မှုနဲ့ ဘာသာရပ်အလိုက်ဆရာဆရာမတွေကို ခေါ်ယူပြီးစစ်ဆေးတာ ဖြစ်တယ်လို့ သိရပါတယ်။အဖြေလွှာ စစ်ဆေးခတိုးမြှင့်ပေးလိုက်ပေမယ့် ကျောင်းသားတွေရဲ့ စာမေးပွဲကြေးကို တိုးမြှင့်ကောက်ခံမှာ မျိုးမဟုတ်ပဲ ပညာရေးဝန်ကြီးဋ္ဌာနက ကျခံသုံးစွဲတာလို့ ပြောပါတယ်။လာမယ့် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဋ္ဌာနတွေ ထပ်တိုး လျှောက်ထားတာ တွေလည်း ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ တစ်နိုင်ငံလုံးမှာ စာစစ်ဋ္ဌာန (၁၅၉၄)ခုရှိခဲ့ပြီး အခုနှစ်မှာတော့ စာစစ်ဋ္ဌာန ၁၅၀လောက် ထပ်တိုးလျှောက်ထား တာတွေရှိပါတယ်။ ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းတွေက အဓိကလျှောက် ထားတာလို့သိရပါတယ်။
 
(၂၀၁၈)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုဖို့ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြင်ပဖြေတွေ အပါအ၀င် စုစုပေါင်းကျောင်းသားကျောင်းသူ ရှစ်သိန်း လေးသောင်းကျော် စာရင်းပေးထားပြီး အဲ့ဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးက တစ်သိန်း နှစ်သောင်းနဲ့ အများဆုံး ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ ဖြေဆိုသူ ခုနှစ်သိန်း တစ်သောင်း ကျော်ရှိခဲ့ပြီး နှစ်သိန်းလေးသောင်းကျော်အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက် ၃၃.၈၉ရာခိုင်နှုန်းရှိခဲ့ပါတယ်။
 
 
 

Related News