MYPOD(မိုင်ပေါ့ဒ်)စီမံကိန်းဟာ မြန်မာနိုင်ငံက အထည်ချုပ်ကဏ္ဍတွင် တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရန်နှင့် လုပ်ငန်းခွင်အခြေအနေများ တိုးတက်ရန် အကောင်အထည်ဖော်လုပ်ဆောင်မည့် စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းကို ၃ နှစ်ကြာ လုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။ဒီ MYPOD စီမံကိန်းမှာ DIEH, 3F , Aalborg  (အယ်လ်ဘော့ဂ်ျ) University ç ETI and Bestseller  တို့ ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ SMART Myanmar ၊ ရန်ကုန်နည်း ပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM) နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုပေါင်းစုံလုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) တို့လည်း ဒီစီမံကိန်းမှာ ပူးပေါင်းပါဝင်ကြ မယ်လို့ MYPOD စီမံကိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
 
အမျိုးသမီး အလုပ်သမား(၈၅)ရာခိုင်နှုန်းပါဝင်နေတဲ့ မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍ မှာလုပ်ခလစာနည်းပါးခြင်း၊ ဆိုးရွားလှသည့် လုပ်ငန်းခွင်အခြေအနေများ၊ အလုပ်ပျက်ကွက်နှုန်း မြင့်နေခြင်းနှင့် အလုပ်ဝင်အလုပ်ထွက်သည့် အရေအတွက်မှာလည်းများပြားနေတယ်လို့ MYPOD က တာဝန်ရှိသူတွေက ဆိုပါတယ်။MYPOD စီမံကိန်းကတော့ မြန်မာ့အထည်ချုပ်ကဏ္ဍ တွင်သင့်တင့်မျှတတဲ့ အလုပ်အကိုင်ရရှိရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ထုတ်ကုန်တန်ဖိုးမြှင့် တက်လာစေရေးအတွက် အထည်ချုပ်စက်ရုံများမှာ လုပ်ငန်းခွင်အခြေအနေ ပြုပြင်ပြောင်းလဲခြင်း ၊ကုန်ထုတ်လုပ်မှုကဏ္ဍတိုးမြှင့်ခြင်းနှင့် အလုပ်ရှင်အလုပ်သမား ပူးပေါင်းညှိနှိုင်းခြင်းတို့အတွက် အလုပ်ရှင်နှင့် အလုပ်သမားများအား စွမ်းဆောင်ရည်မြင့်တင်မှု သင်တန်းများပေးခြင်းများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
 
 

Related News