မန္တလေးတိုင်းဒေသကြီးအတွင်းကျောင်းတွေမှာ ပြုလုပ်ပေးခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၈၀၀၀)ကျော်ပေးအပ်ပွဲကို ဒီဇင်ဘာလ၆ရက်နေ့ကမန္တလေးမြို့ မြို့တော်ခန်းမမှာပြုလုပ်ခဲ့ပါတယ်။ အခုပေးအပ်တဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကိုတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှပူးပေါင်းပြီး United Pacific  ကုမ္ပဏီနှင့် Advanced Myanmar Star  ကုမ္ပဏီတို့ကပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
 
နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ၂၀၁၇/၂၀၁၈ ပညာသင်နှစ်အတွင်း မန္တလေးတိုင်း ဒေသကြီး မြို့နယ် (၂၈)မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူ(၆၇၀၇၅)ဦး၊ ချမ်းအေးသာဇံမြို့နယ်မှ ပြည်သူ(၅၅၄)ဦး၊အမရပူရမြို့နယ်မှ ပြည်သူ (၇၃၀)ဦးနဲ့ ပုဏ်္ဏားလူမျိုး (၃၂)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း (၆၈၃၉၁)ကတ်ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။အခုလို မန္တလေးတိုင်းဒေသကြီးအတွင်းကျောင်းတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယခင်နှစ်စာသင်နှစ်ကတစ်ကြိမ်ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း(၉၀၀၀၀) ကျော်ထုတ်ပေးခဲ့ကာ ယခုနှစ်မှာ(၆၈၀၀၀)ကျော်ထုတ်ပေးထားပြီး စာသင်နှစ်မကုန်ခင်အထိ ဆက်လက်ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
 
 

Related News