ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ကျင်းပမယ့် City FM Radio ရဲ့ (၁၆)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အရင်နှစ်တွေကထက် ပိုမိုထူးခြားစွာ ကျင်းပပြုလုပ်သွားမယ်လို့ ဇန်န၀ါရီလ(၈)ရက်က ရန်ကုန်မြို့ Olympic Hotel  မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ City FM Radio ရဲ့ (၁၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို  အခုလ(၁၄)ရက်မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။City FM Radio  ရဲ့ (၁၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ တေးသံရှင်တွေဖြစ်ကြတဲ့ ထူးအယ်လင်း၊ ဝေလ၊G- Fatt၊ ဖြူဖြူကျော်သိန်း၊ ရတနာမိုင်၊ မိစန်္ဒီ၊ ထွန်းရတီတို့အပြင် အခြားတေးသံရှင်တွေလည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခမ်းအနားမှာ တေးဂီတဖျော်ဖြေမှုတွေအပြင် တေးဂီတထူးချွန်ဆုများပေးအပ်ခြင်း၊ တက်ရောက်လာတဲ့ ပရိတ်သတ်တွေကို ညစာကျွေးမွေးတာတွေကိုပါ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
City FM ကို ၂၀၀၂ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့က စတင်အသံလွှင်ခဲ့တာဖြစ်ပြီး အခု(၂၀၁၈)မှာတော့ (၁၆)နှစ်ပြည့်မြောက်တာဖြစ်ပါတယ်။ အခုလိုနှစ်ပတ်လည်အခမ်းအနားတွေကို နှစ်စဉ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ် (၁၆)နှစ်ပြည့်အခမ်းအနား ကျင်းပနေမှုတွေကို 5Plus ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့လည်း သိရပါတယ်။ 
 
 
 

Related News