ဇန်န၀ါရီလ(၁၂)ရက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဗြိတိန်နိုင်ငံက နော်တင်ဟမ်ရထား ဘူတာရုံကို ဇန်န၀ါရီ(၁၃)ရက် မနက်ပိုင်းမှာပြန်ဖွင့်သွားမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ရှို့မီးလောင်ခဲ့တာလို့ အာဏာပိုင်တွေကပြောထားပြီး ဘူတာရုံခေါင်မိုးကနေ မီးညွှန့်တွေ တက်လာ တာကို မြင်ရခဲ့ရတာကြောင့် ဘူတာတွင်းမှာရထားစောင့်နေသူတွေကို ရွှေ့ပြောင်းပေးခဲ့ရ တယ်လို့ သိရပါတယ်။ စနေနေ့အစောပိုင်းမှာ ဘူတာရုံပြန်ဖွင့်ရင် ရထားတွေပုံမှန်ပြန်ပြေးဆွဲနိုင်ဖို့ ခန့်မှန်းနေ တယ်ဆိုပြီး အိစ်မဒ် လန်ရထားကုမ္ပဏီကပြောပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး ဌာနတွေနဲ့ တည်ဆောက်ရေးအင်ဂျင်နီယာတွေက ဘူတာရုံပြန်ဖွင့် နိုင်တယ်ဆိုတာကို အတည်ပြုခဲ့ ပေမဲ့ မီးကြောင့်ဘူတာရုံမှာ အပျက်အစီးများခဲ့တယ်လို့ အိစ်မဒ်လန်ရထားကုမ္ပဏီကပြော ပါတယ်။ ခရီးသည်တွေအနေနဲ့ ဘူတာကိုမသွားခင် နောက်ဆုံးပြင်ဆင်ထားတဲ့ ရထားအချိန်စာရင်း တွေကြည့်ဖို့လည်း ပြောခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဗြိတိန်ရထား ရဲတပ်ဖွဲ့ကပြောပါတယ်။ ဘူတာမှာရှိတဲ့ အများသုံး သန့်စင်ခန်းကနေ မီးစလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားအယောက်(၆၀)လောက်က မီးဝိုင်းသတ်ခဲ့ရတယ်လို့ နော်တင်ဟမ် ရှိုင်းယားမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနကပြောပါတယ်။ 
 
 

Related News