လာမယ့် ဇန်န၀ါရီ(၂၁)ရက်မှာ စတင်ကျင်းပပြုလုပ်မယ့် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)ရဲ့ ဗုဒ္ဒပူဇနိယပွဲတော်နဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ကြိုတင်ပြင်ဆင်မှု (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။(၁၇)ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော် မြတ်ကြီး (ကျောက်တော်ကြီးဘုရား)ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပွဲတော်သက်တမ်းတစ်လျှောက် ဒီနှစ်မှာ ရက်အကြာဆုံးအဖြစ် (၁၅)ရက်တာ ကျင်းပပြုလုပ် သွားမှာပါ။ ဇန်န၀ါရီ(၂၁)ရက်ကနေ ဖေဖော်ဝါရီ(၄)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲတော်မှာ ပျော်ပွဲ၊ ရွှင်ပွဲတွေ အပါအ၀င် ဈေးဆိုင်ခန်းတွေကိုလည်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
 
နှစ်စဉ်ပါဝင်တဲ့ မြန်မာ့ဆိုင်းဝိုင်းနှင့်အတူ ရိုးရာခြင်းဝိုင်းတွေရဲ့ ဖျော်ဖြေပွဲတွေ၊ ဇာတ်၊ လက်ဝှေ့၊ မျက်လှည့်နဲ့ ထမင်းနှဲထိုးပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီပွဲတော်ကျင်းပရေးအတွက်  လုံခြုံရေး အပါအ၀င် သက်ဆိုင်ရာဌာန၊ ကော်မတီသီးသီးတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက်  ကြိုတင်ပြင်ဆင်မှုအနေနဲ့ (၉၀)ရာခိုင်းနှုန်း ပြီးစီးနေပြီလို့လည်း  ဇန်န၀ါရီ(၁၆)ရက်က ပြုလုပ်တဲ့ ကျင်းပရေးဦးစီးကော်မတီရဲ့ နောက်ဆုံးအကြိမ်အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ ဒီပွဲတော်အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၂၀၀)ကျော်မှာဖြစ်ပြီး လက်ရှိ အလှူငွေတွေ အနေနဲ့ ကျပ်သိန်း(၁၀၀)၀န်းကျင် ရရှိထားတယ်လို့ သိရပါတယ်။ ေ
 
ကျာက်တော်ကြီးဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ဒီနှစ်မှာတော့ ပွဲတော်ကို ပိုမိုစည်ကားသိုက်မြိုက်စေချင်လို့ ခုလို(၁၅)ရက်တာ ကျင်းပရတာဖြစ်ပြီး အရင်နှစ်တွေက အများဆုံး(၉)ရက်အထိသာ ကျင်းပခဲ့တာပါ။ ဒီပွဲတော်ကို တိုင်းဒေသကြီးအဆင့် ပွဲတော်အနေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ကာ  ကျင်းပရေးဦးစီးကော်မတီမှာတော့ နာယကတွေအဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံတို့ ပါဝင်ပြီး  ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဥက္ကဌအဖြစ် တာဝန်ယူ လုပ်ဆောင်မှာလဲ ဖြစ်ပါတယ်။
 
 
 

Related News