ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမောင်းနှင်နေကြတဲ့ အငှားယာဉ်တွေနဲ့ ကိုယ်ပိုင် ယာဉ်တွေမှာ ကားတွင်းမြင်ကွင်းကွယ် စေမယ့် စတေကာတပ်ဆင်မှုကို ဖမ်းဆီးအရေးယူတာ (၈၀)ကျော်ရှိနေပြီလို့ အမှတ်(၆)
ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ထံမှသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်တွေမှာ ကားမှန်တွေကိုစတေကာ ကပ်တာအပါအ၀င် ကားတွင်းမြင်ကွင်းကိုကွယ်စေမယ့် 
လေစုပ်ခွက် ကပ်တာ၊ ကြော်ငြာတွေတပ်ဆင်ကာ၊လိုက်ကာကာရံတာတွေကို ဖေဖော်ဝါရီ(၁)ရက်က စတင်ပြီး မော်တော်ယာဉ်ဥပဒေနဲ့အရေးယူဆောင်ရွက်နေပြီဖြစ်ပါတယ်။
 
အခုလို ဖမ်းဆီးအရေးယူရာမှာ အမှုပေါင်း(၈၀)ကျော်ရှိနေပြီး မော်တော်ယာဉ်ဥပဒေအရ ဒဏ်ငွေ(၃)သောင်းအထိ ပေးဆောင်ရ မယ်လို့ သိရပါတယ်။လက်ရှိရန်ကုန်မြို့ တွင်းမှာ မောင်းနှင်နေကြတဲ့  အဌားယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်တွေမှာ အများစုကတော့အရေးယူမှုတွေကို သိရှိနေပြီး ဖယ်ရှားနေကြပေမယ့် မဖယ်ရှားသေးသူတွေလည်း ရှိနေတာဖြစ်ပါတယ်။အခုလိုဆောင်ရွက်မှုတွေဟာ ဒုစရိုက်မှုကျဆင်းဖို့အတွက် လုပ်ဆောင်မယ် ဆိုရင်လည်း သေချာစီစစ်ပြီး အရေးယူသင့်တယ်လို့ယာဉ်မောင်းအချို့က ပြောပါတယ်။
 
ခရီးသွားပြည်သူတွေကတော့ ဒီလုပ်ဆောင်ချက်တွေဟာ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးတွေနဲ့ ဒုစရိုက်မှုကျဆင်းရေးတွေကိုပါ အထောက်အကူပြုစေသလို တက္ကစီစီးရာ မှာလည်း လုံခြုံမှုရှိစေတယ်လို့ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်တွေမှာ ကားမှန်တွေကို စတေကာကပ်တာ အပါအ၀င် ကားတွင်းမြင်ကွင်းကိုကွယ်စေတဲ့ လေစုပ်ခွက်ကပ်တာ၊ကြော်ငြာတွေ တပ်ဆင်တာ၊ လိုက်ကာတွေကာရံတာ စတာတွေနဲ့ အကာအကွယ်ယူပြီး မှုခင်းကျဆင်းရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို  လျစ်လျရှုကာ ဒုစရိုက်မှုကျူးလွန်တာတွေ ဖြစ်ပေါ်နေတာကြောင့်  အမြန်ဖယ်ရှားပေးဖို့ကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ  နိုင်ငံပိုင်သတင်းစာကနေ ဇန်န၀ါရီ (၃၁)ရက်က သတိပေးနှိုးဆော်စာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
 
 
 
 

Related News