တောင်သမန်အင်းရေဟာ ယခင်နှစ်နွေဦးမတိုင်ခင်အချိန်ကထက်ယခုနှစ်မှာရေပမာဏပိုမို နည်းပါးလာပြီး နုန်းတွေများလာတယ်လို့ ဒေသခံငှက်လှေသမားတွေ ပြောပြချက်အရ သိရပါတယ်။  ဦးပိန်တံတားတည်ရှိနေတဲ့ တောင်သမန်အင်းဝန်းကျင်မှာဆိုရင် ရေပမာဏဟာ ယခင်နှစ် ကထက် ပိုမိုနည်းပါးလာပြီး တစ်နှစ်ထက်တစ်နှစ်လည်း နုန်းတွေပိုတင်လာကာ ရေသန့်ရှင်းမှု မှာလည်း လျော့နည်းလာတယ်လို့ ငှက်လှေအသင်းအတွင်းရေးမှူးဖြစ်သူ ဦးထိန်ဝင်းက အခုလို ပြောပြပါတယ်။
 
ဦးပိန်တံတားနဲ့တောင်သမန်အင်းကို လာရောက်ကြတဲ့ဧည့်သည်တွေ၊ လုပ်ကိုင်စားသောက် နေကြတဲ့ ဒေသခံတွေအနေနဲ့လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒီလိုစည်းကမ်းမဲ့စွန့်ပစ်တာတွေဟာ ဦးပိန်တံတားနဲ့ တောင်သမန်အင်းရဲ့ ပုံရိပ်ကိုကျစေပြီး ရေရှည်အတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေကို ရှောင်ရှားသင့်ပြီးဦးပိန်တံတားနဲ့ တောင်သမန်အင်းဝန်းကျင်ကိုသာယာဖို့ကို ထိန်းသိမ်းကြဖို့လည်းလိုအပ်တယ်လို့ ပြောပါတယ်။
 
တောင်သမန်အင်းနဲ့ ဦးပိန်တံတားအလှကို ပြည်ပခရီးသွားဧည့်သည်များသာမက ပြည်တွင်းက ဘုရားဖူးများကပါ လာရောက်လေ့လာလည် ပတ်ကြသလို တံငါသည်တွေ၊ ငှက်လှေသမားတွေ၊ စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေနဲ့ ဈေးရောင်းသူတွေကလည်း တောင်သမန်အင်းနဲ့ဦးပိန်တံတားကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာ ဖြစ်ပါတယ်။
 
 

Related News