ရွှေတိဂုံစေတီတော်(၂၀၁၈)ခုနှစ် ဇန်န၀ါရီလမှာ နိုင်ငံခြားသားဧည့်ဝင်ကြေး တိုးမြှင့်ကောက်ခံ မှုကြောင့် နိုင်ငံခြားသား ၀င်ရောက်မှုလျော့ကျသွားတယ်လို့ သိရပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နိုင်ငံခြားသားဧည့်ဝင်ကြေးကို (၂၀၁၄)ခုနှစ်ကစတင်ပြီး ငွေရှစ်ထောင် ကျပ်စတင်ကောက်ခံ ခဲ့ရာက (၂၀၁၇)ခုနှစ် ဒီဇင်ဘာလကစတင်ကာ ငွေ(၁)သောင်းကျပ်ကို တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ (၂၀၁၈)ခုနှစ် ဇန်န၀ါရီလရဲ့ နိုင်ငံခြားသားဧည့်ဝင် ရောက်မှုဟာ (၂၀၁၇)ခုနှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရင် (၈)ထောင်နီးပါးလျော့နည်းခဲ့ပြီး၊ (၇)သောင်းကျော်သာ ၀င်ရောက်ခဲ့ပါတယ်။

ဒီလိုဝင်ရောက်မှု လျော့နည်းသွားတာနဲ့ ပတ်သက်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က တာဝန်ရှိသူကအခုလိုသုံးသပ်ပါတယ်။(၂၀၁၇)ခုနှစ်အတွင်းပြည်ပခရီးသွားတွေအနေနဲ့ ထိုင်း၊တရုတ်၊ ၊ဂျပန်၊ကိုရီးယားနိုင်ငံတွေက အများဆုံးလာရောက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ သံရုံးအမှုထမ်းတွေကို အထူးအခွင့်အရေးပေးတဲ့ အနေနဲ့ ရွှေတိဂုံစေတီတော်ကို ၀င်ရောက်ဖူးမျှော်ရာမှာ ၀င်ကြေး(၅၀၀)သာပေးဆောင်စေပြီး သံရုံးဝန်ထမ်းတွေရ ဧည့်သည်တွေကို သံရုံးစာနှင့်အတူအခမဲ့ဝင်ရောက်ခွင့်တွေပေးခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှသာ အခမဲ့တက်ရောက်ခွင့်ပေးသွားမယ်လို့သိရပါတယ်။ဧည့်ဝင်ကြေးကောက်ခံရရှိငွေများကိုတော့ရွှေတိဂုံစေတီ တော်နဲ့စေတီတော်ပရ၀ုဏ်အတွင်းအဆောက်အဦးများပြန်လည်ပြင်ဆင်မှုတွေအတွက်အသုံးပြုနေတယ်လို့သိရပါတယ်။ ရွှေတိဂုံစေတီတော်ကို (၂၀၁၇)ခုနှစ်အတွင်းမှာ နိုင်ငံခြားသားဧည့်သည်(၅)သိန်းခွဲကျော်ဝင်ရောက်ခဲ့ပေမယ့် (၂၀၁၆)ခုနှစ်နဲ့နှိုင်းယှဉ်ရင် (၆)သောင်းကျော် လျော့ကျခဲ့ပါတယ်။

 

 

 

Related News