ဥပဒေပြင်ပလူစုလူဝေးတွေကို ထိန်းသိမ်းဖမ်းဆီးဖို့ လူ့အခွင့်အရေးချိုးဖောက်တာမရှိစေဘဲ နိုင်ငံတကာနည်းတူ လူစုလူဝေးတွေကို စနစ်တကျထိန်းသိမ်းဖို့ စီမံခန့်ခွဲတာတွေကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် လူစုလူဝေးအားစနစ်တကျ စီမံခန့်ခွဲခြင်း သင်တန်း အမှတ်စဉ်(၂/၂၀၁၈)ကို စတင်သင်ကြားလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ဒီသင်တန်းလေ့ကျင့်မှုတွေမှာ အဆောက်အဦးတွင်းက အကြမ်းဖက်ခံရသူတွေကို တားဆီး ကယ်ဆယ်တာအပါအ၀င်လူစုလူဝေးတွေကို စနစ်တကျထိန်းသိမ်းဖို့ စီမံခန့်ခွဲတာတွေ ပါဝင်ပြီး ဒီလေ့ကျင့်မှုကို လွှတ်တော်ဝင်းအတွင်းမှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ရုန်းရင်းဆန်ခတ်မှုတွေ၊ ဆန်္ဒပြမှုတွေ၊ အဓိကရုဏ်းဖြစ်ပွားမှုတွေမှာ  အမျိုးသမီးတွေ ပါဝင်တဲ့အတွက် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကိုပါ လေ့ကျင့်သင်ကြားပို့ချပေးခဲ့တယ်လို့ ပြောပါတယ်။ဒီသင်တန်းတွေကို အရင်နှစ်တွေက သင်တန်းဦးရေ အနည်းဆုံး(၁၅၀)နဲ့ သင်တန်းကာလ (၂)ပတ်သာ သင်ကြားဖွင့်လှစ်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ သင်တန်းသားဦးရေ(၃၀)ကို (၄)ပတ်တာ သင်ကြားမှာ ဖြစ်ပါတယ်။ အရင်ကသင်တန်းမှာ နည်းပြတပ်ဖွဲ့ဝင် အင်အားနည်းပါးတဲ့ အတွက် ထိရောက်မှု၊ အကျိုးသက်ရောက်မှု အားနည်းတာတွေကြောင့် နိုင်နိုင်နင်းနင်းနဲ့ ထိရောက်မှုပိုရှိအောင် ခုလိုသင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ ပိုမိုထိရောက်အောင် သင်တန်းကာလနှစ်ဆ တိုးမြှင့်ပြီး သင်တန်းသား(၅)ဆထိ လျှော့ချကာသင်ကြားနေတာ ဖြစ်တယ်လို့ သိရပါတယ်။၂၀၁၇ခုနှစ်က ဥရောပသမဂ်္ဂ (န့)နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြင့်တင်ရေး(၅)နှစ် စီမံကိန်းမှာ လူစုလူဝေးစနစ်တကျ စီမံခန့်ခွဲခြင်းသင်တန်း တက်ရောက်ခဲ့တဲ့ သင်တန်းသားအဖွဲ့ ၀င်တွေကို  နည်းပြတွေအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး  ၂၀၁၈ခုနှစ် ဇန်န၀ါရီမှစပြီး ဒီသင်တန်းတွေကို အဆက်မပြတ်ဖွင့်လှစ်ဖို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်က အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။ 

 

 

 

Related News