ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မတ်လ(၁၂)ရက် ကဗိုလ်တထောင်စေတီတော် နန်းဦး တန်ဆောင်းမှာပြုလုပ်ခဲ့ပါတယ်။ဗိုလ်တထောင် စေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်၊ဌက်မြတ်နားတော်၊ ထီးတော်အသစ် ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနဲ့ သာသနိက အဆောက်အအုံများ ဘက်စုံ ပြုပြင်ခြင်းအတွက် အခုလိုအလှူငွေများ ပေးအပ်ခဲ့တာဖြစ်ပြီးကုန်ကျစရိတ်အနေနဲ့ ကျပ်သိန်းပေါင်း (၆)သောင်း ကုန်ကျမယ်လို့ သိရပါတယ်။

ဒါကြောင့်အနယ်နယ်အရပ်ရပ်မှ အလှူရှင်တွေမှ ရတနာပစ္စည်းများနဲ့ ငွေသားတွေကိုလည်း လာရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ဗိုလ်တထောင်စေတီတော်မြတ်ကြီးမှာ ထီးတော်နဲ့ဌက်မြတ်နားတော်ကို အသစ်ပြုလုပ်ပူဇော်သွားမှာဖြစ်ပြီး စိန်ဖူးတော်ကိုတော့ အသစ်ပြုလုပ်မယ့် ပုံစံနဲ့ထပ်မံ ဖြည့်ဆည်းအပူဇော်ခံ သွားမယ်လို့သိရပါတယ်။ ထီးတော်တင်ဖို့ အတွက်ကိုလာမယ့် ကဆုန်လပြည့်နေ့မှာ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန် အပါအ၀င် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပြီး လှူဒါန်းတဲ့ အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာများလည်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News