YBS ယာဉ်လိုင်းတွေမှာ CCTV ကင်မရာတပ်ဆင်ထားမှုတွေကြောင့် ခါးပိုက်နှိုက် အန္တရာယ်နဲ့ အခြားသောလူမှုရေးကိစ္စတွေအတွက် ကြိုတင်ကာကွယ်မှုဖြစ်တာကြောင့် ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေအတွက် ပိုမိုအဆင်ပြေမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ဘတ်စ်ကားYBSယာဉ်လိုင်းတွေပေါ်မှာ CCTV ကင်မရာတွေ တပ်ဆင်ထားတာကြောင့် ခရီးသည်တွေအနေနဲ့ လုံခြုံမှုရှိစွာသွားလာနိုင်တယ်လို့ သိရပါတယ်။အခုပြေးဆွဲနေတဲ့YBSယာဉ်လိုင်းတွေမှာ ယာဉ်မောင်းတစ်ဦးသာပါရှိပြီး CCTV ကင်မရာ ပါရှိတာကြောင့် ခရီးသည်အတက်အဆင်းနဲ့  ယာဉ်စီးခပေးချေမှုတွေကိုပါ စောင့်ကြည့်နိုင်တယ်လို့ ပြောပါတယ်။ YBSယာဉ်လိုင်းတွေမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာကိုတော့  သက်ဆိုင်ရာYBSယာဉ်လိုင်းတွေရဲ့ Control Center  ရုံး(၂)ခုကနေ ကြည့်ရှုစစ်ဆေးနိုင်အောင် ဆောင်ရွက်ထား တယ်လို့ သိရပါတယ်။

CCTV ကင်မရာကနေ ခါးပိုက်နှိုက်အမှုပေါင်းများစွာ ကိုလည်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကာ ဖမ်းဆီးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။အကူအညီလိုအပ်တဲ့ ပြည်သူတွေအနေနဲ့ ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ်္ပဏီလီမိတက် ရုံးကိုလာရောက် ဆက်သွယ်ကာ ပြစ်မှုကျူးလွန် သူတွေကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။YBSယာဉ်လိုင်းတွေမှာ ယာဉ်အစီးရေ ခုနှစ်ရာ့ငါးဆယ်ကျော်ကို  CCTV ကင်မရာ တပ်ဆင်ပေးထားခဲ့ပြီးဖြစ်ပါတယ်။YBSယာဉ်လိုင်းကိုတော့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကနေ စတင်ပြေးဆွဲပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယာဉ်လိုင်းပေါင်း(၉၀)ကျော်ကို အစီးရေ(၄၀၀၀)ကျော်နဲ့ ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။   

 

 

Related News