မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ခုံနေရာချထားမှုနဲ့ ကော်ဇောနီများခင်းဖို့ လုပ်ငန်းတွေပဲ ကျန်ရှိနေတော့တာဖြစ်ပြီး ပွဲအတွက်ဖျော်ဖြေရေးအစီအစဉ်များကတော့ အပြီးသတ်လေ့ကျင့် ပြင်ဆင်နေကြပါပြီ။ 
စင်မြင့်ကို စီစဉ်ဆောင်ရွက်ခွင့်ရရှိထားတဲ့ င်္Forever Group အနေနဲ့ ပေ(၁၂၀)ပေ (၅၀)အကျယ်တည်ဆောက်ထားတာဖြစ်ပြီး အခမ်းအနားအတွင်းကိုတော့ ပရိသတ် (၃၀၀၀)ခန့်အထိ ၀င်ရောက်ကြည့်ရှုနိုင်မယ်လို့ဆိုပါတယ်။လက်ရှိမှာ စင်မြင့် တည်ဆောက်မှုဟာ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီး ဒီလိုပြီုးစီးနေမှုနဲ့အတူ ဆုကြေညာတဲ့အပိုင်းတွေ၊ ဖျော်ရေးအစီအစဉ်တွေ အတွက်ကိုလဲ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့သိရပါတယ်။

ဒီလိုပြင်ဆင်နိုင်ဖို့အတွက် လူအင်အား (၂၀၀)နီးပါးအထိ အသုံးပြုပြီး ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အလင်းရောင်ပိုင်း၊ အသံပိုင်းစတာတွေတပ်ဆင်မှုပြီးစီးနေပြီး မတ်လ (၂၂)ရက် ဒီနေ့မှာတော့ ပွဲအတွက် စီစဉ်တင်ဆက်မှုတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေအတွက် အပြီးသတ်လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်သွားမှာလို့ သိရပါတယ်။မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုလာရောက်တဲ့ အနုပညာရှင်တွေအတွက် ကားပါကင်ကို မင်းဓမ္မလမ်းမှာရှိတဲ့ MCC မှာ ထားရှိပေးမှာဖြစ်ပြီး နားနေဆောင်ကိုလည်း ထားရှိပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ(၂၃)ရက်နေ့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park မှာကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ်အခမ်းအနားကို လုံခြုံရေးတင်းကြပ်ထားမှာဖြစ်တာကြောင့် အနုပညာရှင်တွေအနေနဲ့ ဖိတ်စာများကို တပါတည်း ယူဆောင်လာဖို့ကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

 

 

Related News