အမေရိကန်အစိုးရဟာ ကမ္ဘာတစ်ဝန်းက အခြားသော အမေရိကန်စင်တာများထက် ရန်ကုန်အမေရိကန်စင်တာအတွက် ဘဏ္ဍာငွေ အများဆုးံသုံးစွဲနေပြီး ဒါဟာ မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းမှုကိုလည်း ထင်ဟတ်စေတယ်လို့ အမေရိကန်စင်တာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။အသစ်ဖွင့်လှစ်လိုက်တဲ့ အမေရိကန်စင်တာကို အင်လျားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းတောင့်တွင် မတ်လ ၂၁ ရက်က ဖွင့်လှစ်လိုက်တာပါ။

စင်တာကို ဖွင့်လှစ်ခဲ့တာ နှစ်ပေါင်း ၇၀ ကတည်းဖြစ်ပြီး ရန်ကုန်မြို့လယ်က အရင်ဗြိတိသျှဘဏ်အဆောက်အအုံတစ်ခုမှာ အမေရိကန် ပြန်ကြားရေးဌာန စာကြည့်တိုက်အနေနဲ့ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။လက်ရှိ အမေရိကန်စင်တာမှာ မနက် (၈)နာရီမှ စတင်ပြီး အင်္ဂလိပ်စာသင်တန်းများ နှင့်အတူ စာကြည့်တိုက်ကိုတော့ တနလာင်္နေ့မှ စနေနေ့အထိ မနက်(၉)နာရီမှာ (၄)နာရီအထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

စာကြည့်တိုက်အသင်းဝင် တစ်သောင်းခုနှစ်ထောင်ကျော်၊ အင်္ဂလိပ်သင်တန်းသားများ၊အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ လာရောက်နေကြပြီး စာကြည့်တိုက်တွင် စာအုပ်ပေါင်း တစ်သောင်းနှစ်ထောင်ကျော် ကွန်ပျူတာလက်တွေ့ခန်း ဟောပြောပွဲခန်းမ ကဖေးဆိုင်နှင့် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူလိုသူ မည်သူအတွက်မဆို အမေရိကန်ပညာရေးဆိုင်ရာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။စင်တာတွင်ကျင်းပမည့် အခမ်းအနားတွေနဲ့ ပတ်သက်ပြီး အမေရိကန်စင်တာရဲ့ လူမှုကွန်ယက် စာမျက်နှာနှင့် ဖုန်းနံပါတ်-၀၁ ၉၄၃၅၄၉၀ ကို မေးမြန်းစုံစမ်းနိုင်တယ်လို့ သိရပါတယ်။

 

 

Related News