ဒဿမကြိမ်မြောက် လှိုင်ဗုဒ္ဓစာပေ ဆုပေးပွဲနဲ့ ပညာရည်ထူးချွန်သူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားကို မေလ ၁၄ ရက်က IBC စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ယခုနှစ် မတ်လအကုန်က လှိုင်မြို့နယ် အမှတ်(၁) အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓ၀င်စာမေးပွဲကို ဖြေဆိုခဲ့တဲ့  ကျောင်းသားနှစ်ရာနီးပါးထဲမှ ၃၉ ဦးကို ရွေးချယ်ပြီး လှိုင်ဗုဒ္ဓစာပေဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။ လှိုင်ဗုဒ္ဓစာမေးပွဲအတွက် မေးခွန်းကိုတော့ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ မေးခွန်းထုတ်ပေးတာဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲကို  ပြုလုပ်လာခဲ့တာ ဆယ်ကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ပညာရေးထူးချွန်သူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်

ခြောက်ဘာသာ ဂုဏ်ထူးရရှိခဲ့တာကြောင့် ဗုဒ္ဓစာပေ ဆုပေးပွဲနဲ့ ပညာရည်ထူးချွန်ဆု ချီးမြှင့်ပွဲမှာ ဂုဏ်ပြုဆုပေးအပ်ခံရမယ့် ကျောင်းသူတစ်ဦးကတော့ အခုလိုပြောပါတယ်။ဆုပေးပွဲကို လှိုင်မြို့နယ်ရှိ ဇေယျဝတီပရိယတ္တိစာသင်တိုက်နဲ့ မြို့နယ်ပညာရေးဌာနတို့ ကြီးမှူးပြုလုပ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓစာပေဆုတွေနဲ့ ပညာရည်ထူးချွန်ဆုတွေအပြင် မြန်မာစာဂုဏ်ထူးရကျောင်းသားတွေနဲ့ အင်္ဂလိပ်နဲ့ ဘောဂဗေဒဘာသာရပ် ထူးချွန်ကျောင်းသား တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ 

 

 

 

Related News