Laurel Art Academy အနုပညာသင်တန်းကျောင်းကနေ အနုပညာကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူ(၂၀၀)နီးပါးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။Laurel Art Academy အနုပညာသင်တန်းကျောင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်က အခကြေးငွေယူပြီး သင်ကြားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှ စတင်ကာ အခကြေးငွေမယူပဲ အခမဲ့သင်ကြားပေးခဲ့ဖြစ်တယ်လို့ သိရပါတယ်။ အနုပညာ၊ အတတ်ပညာတွေဖြစ်တဲ့ သရုပ်ဆောင်ပိုင်း၊ ကင်မရာအတတ်ပညာနဲ့ အနုပညာရပ်အစုံကို သက်ဆိုင်ရာအနုပညာရှင် အတတ်ပညာရှင်တွေနဲ့ စနစ်ကျသင်ကြားပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်တွေ့ပိုင်းတွေကိုတော့ Laurel Art Academy အနုပညာ သင်တန်းကျောင်းက ရိုက်ကူးနေတဲ့ ရိုက်ကူးရေးတွေမှာ ပါဝင်သရုပ်ဆောင်စေတယ်လို့ သိရပါတယ်။သင်တန်းကို နှစ်စဉ်နှစ်တစ်နှစ်ရဲ့ အစပိုင်းမှာ ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး သင်တန်းကာလကတော့ (၁၀)ကြာမြင့်တာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးသူတွေကို သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ပါတယ်။ လာတက်ချင်သူတွေကို လူတွေ့အင်တာဗျူး စစ်ဆေးမှုတွေပြုလုပ်ကာ အောင်မြင်သူတွေကို တက်ရောက်စေတာဖြစ်ပါတယ်။ တက်ရောက်ချင် သူတွေအနေနဲ့ Laurel Art Academy အနုပညာသင်တန်းကျောင်းမှာ လာရောက်မေးမြန်း စုံစမ်းနိုင်တယ်လို့ သိရပါတယ်။ 

 

 

 

Related News