လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို လာမယ့် သြဂုတ်လအတွင်း မန္တလေးတက္ကသိုလ်မှာ ပြုလုပ်(၃)ရက်တိုင် ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။လူငယ်တွေအချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျင့်ဝတ်တန်ဖိုး တွေကို မျှဝေနိုင်ပြီး အနာဂတ်လူ့ဘောင် အဖွဲ့အစည်းကို လူငယ်တွေရဲ့ အတွေးအမြင်ကောင်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပ တယ်လို့ သိရပါတယ်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)မှာ စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှား မှုများ၊ အနုပညာ ဆိုင်ရာလှုပ်ရှားမှုများ၊ အိုင်တီနည်းပညာဆိုင်ရာလှုပ်ရှားမှုများ၊ ဖျော်ဖြေရေး နဲ့ ပညာပေးအစီအစဉ်များ၊ အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲများ ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်။

Reporter Narration - ပြီးခဲ့တဲ့နှစ်အကုန်ပိုင်းက လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်(ရန်ကုန်)ကို ရန်ကုန်တက္ကသိုလ်မှာ ကျင်းပခဲ့ပြီး အခု မန္တလေးမြိုမှာပြုလုပ်မယ့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို အထက်တန်းကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေကို ပါဝင်နိုင်အောင် ဖိတ်ခေါ်သွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းခန့်ဟာ အသက် ၁၅ နှစ်မှ၂၉နှစ်ကြားအရွယ်လူငယ်များဖြစ်ပါတယ်။ လူငယ်တွေအတွက်အခုလိုပွဲတော်တွေအမှန်တကယ်လိုအပ်ပြီး မန္တလေးမြို့မှာ လက်ခံကျင်းပသွား လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ဖို့ အတွက်လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကေ ပြောပါတယ်။

အခုပြုလုပ်တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ကျင်းပနိုင်ရေး ညှိနှိုင်း  အစည်းဝေးကို ဇွန်လ ၈ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မှာ ပြုလုပ်ခဲ့ပြီး  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နဲ့ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News