ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်ကို နေ့စဉ်ပြေးဆွဲပေးနေတဲ့ စက်တပ်ရေယာဉ်ငယ်များဟာ အခုမိုးတွင်းကာလမှာတော့ လူစီးနည်းပါးနေတယ်လို့ သိရပါတယ်။ပန်းဆိုးတန်းဆိပ်ကမ်းနဲ့ဒလမြို့နယ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ပန်းဆိုးတန်း)မှ သဘောင်္ကြီး(2)စီးနဲ့ ပြေးဆွဲပေးနေတာဖြစ်ပြီး ကမာအောင် စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က အစီး(180)နဲ့ နေ့စဉ်ပြေးဆွဲနေတာဖြစ်ပါတယ်။ နေ့စဉ်ပြေးဆွဲနေတဲ့ သဘောင်္ကြီးတွေကို ရုံးဝန်ထမ်းတွေအပါအ၀င် တစ်နေ့ကို လူပေါင်း(25000) ကျော်စီးနင်းနေကြတာဖြစ်ပြီး စက်တပ်သမာန်ငယ်တွေကိုတော့ ဒလမြို့သူမြို့သားများရဲ့ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ စီးပွားရေးအသွားအလာတွေအတွက် အများဆုံးစီးကြတာဖြစ်ပါတယ်။ အခုလိုမိုးရာသီမှာတော့အမိုးအကာအပြည့်ရှိတဲ့ သသောင်္ကြီးတွေက လူစီးမှုလျော့ကျမသွားပေမယ့် အမိုးအကာမရှိတဲ့ စက်တပ်ရေယာဉ်တွေကတော့ လူစီးမှုလျော့ကျ သွားခဲ့တယ်လို့သိရ ပါတယ်။

အခုလိုလူစီးမှုလျော့ကျသွားခဲ့တာကြောင့် နေ့စဉ်ဘ၀ကို ရုန်းကန်နေရတဲ့ စက်တပ်ရေယာဉ်မောင်း သူတွေကတော့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။ပန်းဆိုးတန်းနဲ့ဒလမြို့နယ်ကို ပြေးဆွဲနေတဲ့ သဘောင်္ကြီးတွေက တစ်နေ့ကို အခေါက်ရေ (46)ခေါက် ပြေးဆွဲနေတာဖြစ်ပြီး စက်တပ်ရေယာဉ်ငယ်တွေကတော့ လူစီးမှုပေါ်မူတည်ပြီး အနည်းဆုံး(1)စီးကို 3ခေါက်မှာ4ခေါက်အထိ ပြေးဆွဲပေးနေပြီး အများဆုံး(10)ခေါက်ကျော်ထိ သာပြေးဆွဲရတယ်လို့ ပြောပါတယ်။ စက်တပ်ရေယာဉ်အတွက် ရေယာဉ်စီးခကို ငွေကျပ်(150) ကောက်ခံနေတာဖြစ်ပြီး သဘောင်္ကြီးတွေကတော့ လူတစ်ဦးကို ပြည်တွင်းခရီးသည်ကို ငွေကျပ်(100) နဲ့နိုင်ငံခြားသားတွေကို မြန်မာငွေကျပ်(2000)ကောက်ခံတာဖြစ်ပါတယ်။စက်တပ်ရေယာဉ်တွေက ဒလမြို့နယ်(ဈေးသစ်)ကနေ ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်း(နန်းသီတာ)ဆိပ်  အထိပြေးဆွဲပေးနေတာဖြစ်ပြီး၊ သမ္မတ၊ ကမာအောင်၊ တံလျှပ်၊ ရေကန်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်း၊ ကျောင်းစု၊ ကျောင်းစု(လက်၊စက်)ပြောင်း ဆိပ်ကမ်း တို့ကို စုစုပေါင်း ရေယာဉ်(၅၂၂)စီးနဲ့ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News