အစားသောက်တွေကို လူမှုကွန်ယက်၊ ဆိုရှယ်မီဒီယာမှ တစ်ဆင့် ကြည့်ရှုမှာယူနိုင်တဲ့ အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင် ပေးနေတဲ့ဝန်ဆောင်မှုလုပ်ငန်း (Food Delivery Service) က  ၂၀၁၆-၂၀၁၇ ခုနှစ် 

နောက်ပိုင်းက စတင်ပြီး  ပိုမိုတွင်ကျယ်လာပါတယ်။ 
ရန်ကုန်မြို့တွင်းမှာရှိတဲ့ နံမည်ကြီးစားသောက်ဆိုင်တွေရဲ့ အစားအသောက်တွေကို လူမှုကွန်ယက်၊ ဆိုရှယ်မီဒီယာတွေ ပေါ်မှာစုစည်းပြသထားပြီး ဒီအစားအသောက်တွေကို ဆက်သွယ်မှာယူပါက 

အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်မှုက ပိုမိုတွင်ကျယ်လာပါတယ်။ဒီလို ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်ပေးနေတဲ့ အထဲမှာ မောင်အောင်မြင်ဟန်ဧလည်း တစ်ဦးအပါအ၀င်ပါ။သူက ဆိုရှယ်မီဒီယာတွေပေါ်က မှာယူထားတဲ့ အစားအသာက်တွေကို နေ့စဉ် မနက် (6)နာရီမှ ည(12)နာရီအထိ အော်ဒါတွေကို လိုက်လံပို့ဆောင်နေတာပါ။

လူမှုကွန်ယက်၊ဆိုရှယ်မီဒီယာတွေကတစ်ဆင့် အစားအသောက်တွေကိုမှာယူတဲ့အခါမှာ Food Delivery Service ဖြစ်တဲ့ Door2Door၊ Food2u ၊ Deliverink နဲ့ Freshgora တွေမှာ အများဆုံးမှာယူကြတာဖြစ်ပါတယ်။ အခုလို အစားသောက်တွေကို အိမ်အရောက် Delivery Service ပေးနေတဲ့လုပ်ငန်းတွေက အရင်က လူသိနည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တစ်နေ့ကို အစားသောက် ပွဲ ၄၀၀ မှ ၅၀၀ အထိ အော်တာများလက်ခံရရှိနေတယ်လို့  Food Delivery Service မှ တာဝန်ရှိသူက အခုလိုပြောပါတယ်။

အခုလို Food Delivery Service လုပ်ငန်းတွေပေါ်ပေါက်လာတာကြောင့် စားသောက်ဆိုင်တွေအနေနဲ့ အရင်ကထက် အစားသောက်တွေကို အော်ဒါမှာ ယူလာပါက ဆိုင်မှပို့ဆောင်ပေးရတဲ့ ၀န်ထမ်းကြေးနဲ့ ခရီးစရိတ်တွေအတွက်  ပိုမိုသက်သာလာစေတဲ့အပြင် ဧည့်သည်များပိုမိုရရှိလာတယ်လို့ စားသောက်ဆိုင်တွေက ပြောပါတယ်။

Food Delivery Service တွေဟာ မနက်(၆)နာရီမှ ည(၁၂)နာရီအထိ မှာယူနိုင်တာကြောင့် လူမှုကွန်ယက်မှ တဆင့် ကြည့်ရှုမှာယူကြသူအများစုကတော့ နေ့ခင်းဘက်တွေမှာဆို ရုံးဝန်ထမ်းများနဲ့ ကျောင်းတွေမှ ကျောင်းသူ၊ ကျောင်းသားတွေ အများဆုံးမှာယူနေကြတာဖြစ်ပြီး၊ ညဘက်တွေမှာတော့ မိသားစုတွေမှ အများဆုံးမှာယူနေကြတာဖြစ်ပါတယ်။ Food Delivery Service တွေကို ဆက်သွယ်မှာယူမှုအများဆုံး အစားစာတွေကတော့ မြန်မာထမင်း၊ ဟင်းများဖြစ်ပြီး၊ ကြက်ဆီထမင်း၊ ဒံပေါက်၊ ဆူရှီနဲ့ ကိုရီးယားအစားစာတွေဘဲဖြစ်ပါတယ်။

အခုလို အိမ်မှတဆင့် လူမှုကွန်ယက်မှာကြည့်ရှုကာ အစားသောက်မှာယူရာမှာ Food Delivery Service တွေအနေနဲ့ အများဆုံး အချိန် (၁)နာရီသာယူရတာဖြစ်တာကြောင့် မြို့နယ်အသီးသီးမှ စားသောက်ဆိုင်တွေနဲ့ ချိတ်ဆက်ကာ သွားရောက်ပို့ဆောင်သူများကလည်း မြို့နယ်အသီးသီးမှာရှိနေခဲ့ကြတာဖြစ်ပါတယ်။ ဆက်သွယ်မှာ ယူခဲ့ကြသူများကလည်း မှာယူခဲ့တဲ့အစားသောက်တန်ဖိုးနဲ့ မြို့နယ်အလိုက် ပို့ဆောင်ခ ၁၅၀၀ မှ ၃၅၀၀ အထိ ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ လူမှုကွန်ယက်(အွန်လိုင်း) Food Delivery Service တွေက ရန်ကုန်နဲ့ မန္တလေးမှာသာ ၀န်ဆောင်မှုများပေးနေတာဖြစ်ပြီး၊ အခြားမြို့မှာလည်း ၀န်ဆောင်မှုစတင်ပေးသွားဖို့ လုပ်ဆောင်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News