MPT Myanmar National League 2018 ပွဲစဉ် ၁၅ ရန်ကုန်ယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်ပွဲမှဖြစ်ရပ်   များအတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဇွန်လ (၁၂)ရက်မှာ ပြစ်ဒဏ်အသီးသီးချမှတ် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2018 ပွဲစဉ် (၁၅)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ဧရာဝတီ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဇွန် ၁၂ ရက် မနက်ပိုင်းမှာအစည်းအဝေး ပြုလုပ်ခဲ့ပြီး အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့ရဲ့ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီးမှ ပြစ်ဒဏ်များကို ချမှတ်လိုက်တာဖြစ်ပါတယ်။ ချမှတ်လိုက်တဲ့ပြစ်ဒဏ်ကတော့ ရန်ကုန်ယူနိုက်တက်အသင်းကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းအပိုဒ် ၆ (က)    နဲ့ (ဆ) တို့ကို ကျူးလွန်ခဲ့တာကြောင့် ဒါဏ်ကြေးငွေ (၁၀)သိန်းပေးဆောင်ရန် ၊ ရန်ကုန်နည်းပြချူပ် ဦးမျိုးမင်းထွန်းကို အခု ဧရာဝတီယူနိုက်တက်အသင်းနဲ့ပွဲမှာ ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း အပိုဒ် ၇ (က) (ဃ)(ဆ) တို့ကို   ကျူးလွန်ခဲ့တာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်မှ ကြီးမှူး ကျင်းပ မယ့်ဘောလုံးပြိုင်ပွဲများရဲ့အနီးစပ်ဆုံး (၃)ပွဲ   နဲ့ ဒါဏ်ကြေးငွေ (၆)သိန်းပေးဆောင်ရန် ၊ ရန်ကုန်ယူနိုက်တက် အသင်းမှ ကျောနံပါတ် ၁၅ ဆိုင်လာသည် ပြိုင်ပွဲအပြီး ကွင်းအတွင်းမှ ပြန်ထွက်လာချိန်တွင် မှတ်တမ်း ဒိုင်လူ ကြီးအား ဆဲဆိုခဲ့တယ်လို့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံရဲ့တင်ပြချက်နှင့် ဗီဒီယို မှတ်တမ်းအရ စိစစ်တွေ့ရှိရ တဲ့အတွက် အနီးစပ်ဆုံး (၃)ပွဲနဲ့ ဒါဏ်ကြေးငွေ (၃)သိန်း  ပေးဖို့အတွက်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒါဏ်ချမှတ်လိုက်ပါတယ်။

ရန်ကုန်ယူနိုက်တက်နဲ့ဧရာဝတီယူနိုက်တက်ပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ဦးကျော်ဇောလွင်ကို    လည်းအခုပွဲကို ကိုင်တွယ်ခဲ့ရာမှာ ကိုယ်ထိလက်ရောက်စောဒကတက်ရာမှာ ပြတ်ပြတ်သားသားအရေးယူ   ဆောင်ရွက်ခဲ့တာ အားနည်းမှုကို တွေ့ရှိခဲ့ရတာကြောင့် နောက်ပွဲစဉ်တွေမှာလည်း အလားတူဖြစ်ရပ်များ မဖြစ်  စေရန်အတွက် ဒိုင်လူကြီးဌာနမှ လိုအပ်သလို အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News