မသန်စွမ်းပြေးခုန်ပစ်အားကစားနည်းက Asian Para Game ပြိုင်ပွဲအတွက် မြောက်ဒဂုံမသန်စွမ်း လေ့ကျင့်ရေးစခန်းမှာလေ့ကျင့်နေပါတယ်။  သတင်းထောက် - ခင်နဒီမိုး က ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ (၂၀၁၈)ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မယ့် Asian Para Game ပြိုင်ပွဲမှာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အနေနဲ့  အားကစားနည်း (၆)မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့်အားကစား နည်း(၆)မျိုးထဲက မသန်စွမ်းပြေးခုန်ပစ်အားကစားနည်းကတော့ ဧပြီလထဲက လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ် ပါတယ်။

မသန်စွမ်းပြေးခုန်ပစ်အားကစားနည်းကတော့ အခုလက်ရှိမှာ ကစားသမား အယောက်(၂၀)နဲ့လေ့ကျင့်ပြင်ဆင် နေတာဖြစ်ပါတယ်။ Asian Para Game ပြိုင်ပွဲမှာ မသန်စွမ်းပြေးခုန်ပစ်အားကစားနည်းကအပြေးပြိုင်ပွဲမှာ မီတာ (၁၀၀)၊ (၂၀၀) ၊ (၄၀၀)၊ (၅၀၀)၊ (၁၅၀၀)၊ (၅၀၀၀) အပစ်အားကစားနည်းမှာတော့ သံလုံး ၊ သံပြား၊ လှံတံပစ် ပြိုင်ပွဲ နဲ့ အလျားခုန် ၊ အမြင့်ခုန် နဲ့ (၃) ဆင့်ခုန် ပြိုင်ပွဲဆိုပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။Asian Para Game ပြိုင်ပွဲအတွက် မသန်စွမ်းပြေးခုန်ပစ်အားကစားနည်း အနေနဲ့ ဇကာတင်ကစားသမားကို ထပ် မံရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

Related News