နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့မင်္ဂလာအတွက် လှိုင်မြို့နယ်ရှိ ဦးအေးလမ်းလူငယ်များက တစ်နိုင်တစ်ပိုင်အလှူကို ဇွန်လ(၁၉)ရက်က လှိုင်မြို့နယ် (၁၆)ရက်ကွက်အတွင်းရှိ ဦးအေးလမ်းမကြီးမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီအခမ်းနားကို လှိုင်မြို့နယ် (၁၆)ရက်ကွက်မှာရှိတဲ့ လူငယ်တွေက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၃)နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်နိုင်တစ်ပိုင်ပြုလုပ်ပေးတာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းဆုကြည်ရဲ့(၇၃) နှစ်ပြည့်မွေးနေ့ မင်္ဂလာအခမ်းအနားမှာ ဆုတောင်းမေတ္တာပို့ခြင်း၊ ဂုဏ်ပြုကဗျာ များရွတ်ဖတ်ခြင်း၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းနှင့် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံပါ အင်္ကျီအထည်(၂၀၀)ကို လည်း လက်ဆောင်များပေးခဲ့ပါတယ်။

ဦးအေးလမ်းလူငယ်မောင်မယ်များအဖွဲ့ဟာ ရပ်ကွပ်တွင်းရှိ သာရေး နာရေးကိစ္စများ၊ သက်ကြီးပူဇော်ပွဲများ၊ ရဟန်းခံရှင်ပြုမင်္ဂလာပွဲများ၊ စုပေါင်းသွေးလှူဒါန်းခြင်းများ၊ ဘုရားရင်ပြင်သန့်ရှင်းရေးပြုလုပ်ပေးခြင်းများ၊ ကျောင်းဆောက်အလှူများမှာ ပါဝင်ခြင်းနဲ့ စွန့်ပစ်ပစ္စည်းများကို လိုက်လံစုဆောင်းပြီး ပြန်လည်ရောင်းချကာ လိုအပ်တဲ့နေရာတွေမှာသွားရောက်လှူဒါန်းခြင်း အစရှိတဲ့ပရဟိတလုပ်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့စည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

 

 

 

Related News