ပန်းပုပညာရှင်တွေအတွက် အခြေခံကုန်ကြမ်းကတော့ သစ်ဖြစ်ပြီင်္း လက်ရှိမှာတော့ သစ်ရရှိဖို့အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ထက်ဇာခြည်လှိုင်က တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပန်းပုထုလုပ်ဖို့အတွက် ပိတောက်သား၊ ကျွန်းသား၊ ကုက္ကိုသားတို့ကို အဓိကထား အသုံးပြုရတာ ဖြစ်ပြီး လက်ရှိမှာတော့ သစ်ရရှိဖို့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ပန်းပုပညာရှင်တွေထံမှ သိရပါတယ်။ 

ကြယ်စင်မင်း ပန်းပုလုပ်ငန်းကတော့ ပန်းပုလုပ်ငန်းလုပ်ကိုင်လာတာ ၁၅ နှစ်ကျော်သက်တမ်းရှိပြီး အခုချိန်ထိ သစ်ရရှိဖို့ အခက်အခဲပြဿနာကို ဖြေရှင်းနေရဆဲပဲ ဖြစ်ပါတယ်။ ဈေးကွက်ရောင်းအား တက်လာတာနဲ့ အညီ သစ်ရရှိဖို့အတွက် အစားထိုးသစ်တွေဖြစ်တဲ့ ကုက္ကိုသားနဲ့ ထင်းသားတွေကို အစားထိုးအသုံးပြုနေရတယ်လို့ သိရပါတယ်။ 

ရွှေနန္ဒဝန်မြန်မာမှုပန်းပုလုပ်ငန်း အနေနဲ့လည်း ပန်းပုလက်ရာကောင်း များစွာ ထုလုပ်နေချင်ပေမဲ့ သစ်ရှားပါးလာမှုကြောင့် ပန်းပုထုလုပ်သူတွေကို လုပ်ငန်းကြီး မပေးနိုင်တော့ပဲ တစ်နိုင်တစ်ပိုင် ထုလုပ်နိုင်အောင်သာ ဆောင်ရွက်ပေးနေရတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ပန်းပုထုလုပ်ရာမှာ အသုံးပြုလို့ရမယ့် သစ်အမျိုးအစားတွေ များများ ချပေးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံးအနေနဲ့ကလည်း လက်ရှိမှာ ပန်းပုထုလုပ်ရာမှာ အသုံးပြုတဲ့ သစ်တွေရရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။  ပန်းပုဈေးကွက်ကတော့ အခုဆိုရင် ပြည်တွင်းက သုံးစွဲသူတွေသာ မက နိုင်ငံတကာကို တင်ပို့နိုင်တဲ့ အထိ ဈေးကွက်ရနေပြီ ဖြစ်တယ်လို့ သိရပါတယ်။  

 

 

Related News