ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ စတုတ္ထအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ် တဲ့ယောဂသရုပ်ပြပွဲကို ဒီကနေ့ မနက် (၅) နာရီအချိန် ပြည်သူ့ရင်ပြင်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

စတုတ္ထမြောက်အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ ယောဂသရုပ်ပြပွဲကို ယောဂဆရာ ဦးခင်ဆွေက ဦးစီးပြီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အယောက်(၃၀၀)ကျော်ပါဝင်ခဲ့ပါတယ်။ (၂၀၁၄)ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အိန္ဒိယ၀န်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာယောဂနေ့ကို သတ်မှတ်ပေးဖို့အတွက် အဆိုတင်သွင်းခဲ့ရာ သဘောတူညီမှုရရှိခဲ့တဲ့အတွက် ဇွန်လ (၂၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာယောဂနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယောဂကျင့်စဉ်မှာ အမျိုးအစားများစွာရှိတယ်လို့လဲ သိရပါတယ်။စတုတ္ထမြောက်အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်ပွဲကို (၂၀၁၅)ခုနှစ်ကစတင်ပြီး အိန္ဒိယသံရုံးက ကြီးမှူးပြီးကျင်းပပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံ သာမကပဲ နိုင်ငံပေါင်း (၁၅၀)ကျော်ကပါ ယောဂနေ့ အထိမ်း အမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခု (၂၀၁၈)ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်တာဖြစ်ပြီး ရန်ကုန်မှာသာမကပဲ မန္တလေး၊ ပြည်၊ တောင်ငူ အစရှိတဲ့မြို့တွေမှာပါ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ယောဂကျင့်စဉ်ကို ကိုယ်ဝန်ဆောင်သူများ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါရှိသူများပါ လေ့ကျင့်လို့ရတယ်လို့ သိရပါတယ်။စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကို ဇွန်လ (၂၃) ရက်မှာ အိန္ဒိယသံရုံးက သုဝဏ္ဏအမျိုးသားအားကစားရုံမှာကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

 

 

Related News