အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှာတက်ရောက်နေတဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်ပြီးပြုလုပ်တဲ့ပန်းချီပြပွဲကိုဇူလိုင်လ(၇)ရက်ကနေ(၉)ရက်ထိ ဗိုလ်အောင်ကျော်လမ်း ပန်းချီပြခန်းမှာ ပြုလုပ်နေပါတယ်။ ဒီပန်းချီပြပွဲမှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးမှ ဆီဆေး၊ ရေဆေးနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း (၆၀)ကို ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီပန်းချီကားတွေကိုတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဧပြီလက စတင်ရေးဆွဲခဲ့တာဖြစ်ပြီးစိတ်ကူးနဲ့ ရေးဆွဲထားတဲ့ပန်းချီကားတွေအပါအ၀င်သာမာန်ထက်အနည်းငယ်ကွဲပြားတဲ့ပန်းချီကားတွေကို ပြသနေတာဖြစ်ပါတယ်။ဒါ့အပြင် ပန်းချီပြပွဲမှာ လူနဲ့ တိရစ္ဆာန်ရုပ်ပုံတွေကို စိတ်ကူးနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ပန်းချီကားလက်ရာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ပန်းချီကားတွေအပါအ၀င် ပြည်တွင်းကထင်ရှားတဲ့  နေရာဒေသ တွေကို ရေးဆွဲထားတဲ့ ပန်းချီကားတွေ ပြသနေတာလည်းဖြစ်ပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတွေက အရင်ကကျောင်းမှာပဲပန်းချီပြပွဲတွေပြသခဲ့ပေမယ့်အခုကပထမအကြိမ်အဖြစ်ပြခန်းမှာပြသတာဖြစ်တယ်လို့ သိရပါတယ်။ ပန်းချီပြပွဲကိုနံနက်(၁၀)နာရီကနေညနေ(၅)နာရီအတွင်းအခမဲ့လာရောက်ကြည့်နိုင်တယ်လို့ သိရပါတယ်။

 

 

 

Related News