(၅၇) ကြိမ်မြောက်ကျင်းပပြုလုပ်မယ့် နိုင်ငံတကာအာခီဒိုပြပွဲကို  ဇွန်လကစပြီး   အလုံလမ်းနဲ့ မြို့မကျောင်းလမ်းထောင့်ရှိ  Y.I.H Dogoသင်တန်းကျောင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။အာခီဒိုကစားနည်းဟာ ဂျပန်နိုင်ငံရဲ့ ရှေ့ခေတ်စစ်သမိုင်းမှ အဆင့်ဆင့်ပြောင်းလဲလာတဲ့ ဂျပန်ရိုးရာသိုင်းပညာ တစ်ခုဖြစ်ပါတယ်။ ဒီကစားနည်းကို နိုင်ငံတကာမှလာရောက်ပြသနိုင်တဲ့ပြပွဲတစ်ခုအဖြစ် ၁၉၆၂ခုနှစ် ကတည်း က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ နှစ်စဉ် နှစ်တစ်နှစ်ရဲ့မေလထဲမှာ ကျင်းပပြုနေကြတာ ပါ။

နိုင်ငံတကာအာခီဒိုကစားနည်းပြပွဲကို အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်၊ ရုရှား၊ စင်္ကပူ၊ ထိုင်း အစရှိတဲ့ နိုင်ငံပေါင်း(၅၀)ကျော် မှပါဝင်ပြသနေခဲ့ကြတာဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ခုနှစ်က (၅၂) ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအာခီဒိုပြပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ စတင်ပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအာခီဒိုပြပွဲကို ၀င်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ သက်ဆိုင်ရာ အာခီဒိုကျောင်းအုပ်တွေရဲ့ ခွင့်ပြုချက်ရရှိ ရမှာဖြစ်ပြီး၊ နိုင်ငံတကာအားကစားပွဲတွေမှာလည်း အတွေ့အကြုံရှိပြီးသူဖြစ်ရမှာပါ။

နိုင်ငံတကာ အာခီဒိုပြပွဲမှာ သွားရောက်ပြသမယ့်နိုင်ငံကိုယ်စားပြုကစားသမားတွေအနေနဲ့ပြပွဲအတွက် အခြေခံကစားနည်း၊ ဖမ်းချုပ်နည်း၊ ဖမ်းပေါက်နည်း၊ လူနဲ့ လက်နက်ကစားနည်း၊ ဓါးနဲ့ ဓါးခြင်း ကစားနည်း၊ တုတ်ရှည်နဲ့ ဓါး ကစားနည်း စတဲ့ကစားကွက်တွေကို ပြသရမှာဖြစ်တယ်လို့ သိပါတယ်။ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ နိုင်ငံတကာအာခီဒိုပြပွဲဟာ ဘာသာစကား မတူညီတဲ့နိုင်ငံတွေရဲ့ အားကစားဆိုင်ရာယဉ်ကျေးမှုတွေအပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည်ရေးဖလှယ်စေရေးအတွက် ရည်ရွယ် ပြုလုပ်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေသူကလည်း နေ့စဉ်လေ့ကျင့်နေတာဖြစ်ပါတယ်။

 

 

Related News