ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဇူလိုင်(၁၁)ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန(၂) MICC(2)မှာ ပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ  ကိုယ်စားလှယ် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့  နိုင်ငံရေးပါတီများကိုယ်စား ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်တို့က အမှာစကားပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဗီဒီယိုပြသခဲ့ပြီး နိုင်ငံတော်အကြီးအကဲ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံတတိယအစည်းအဝေးကို ဇူလိုင်လ(၁၁)ရက်မှ (၁၆)ရက်အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News