နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၁၀ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန၀န်ကြီး မစ္စတာ Huang Kunming (ကွန်ဖန်မင်)တို့တွေ့ဆုံခဲ့ ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ အကြားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စတွေကိုဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကဏ္ဍတို့မှာ ပူးပေါင်းလုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

တွေ့ဆုံပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နဲ့ သမ္မတရုံးဝန်ကြီင်္းဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ အပါအ၀င်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်၊

 


 

Related News