ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဆောင်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲပဲ ရဲရဲဝံ့ဝံ့လုပ်ဆောင် ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်း သွားနိုင်ပါတယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-2)မှာ ပြုလုပ်လျှက်ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ရာစုပင်လုံတတိယအစည်းအဝေးကို တက်ရောက်ပြီးအဖွင့်မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်နေတဲ့ အစိုးရ လက်ထက်မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ အဆင့်ဆင့် တို့မှာ တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လျင်မြန် အောင်မြင်စေရေးအတွက် အတွေ့အကြုံများနဲ့ယှဉ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်လျက်ရှိတယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်လောင်းပြောကြားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံတတိယအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်ကနေ ၁၆ရက်နေ့အထိ ၆ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းတို့ အပါအ၀င် ပြည်ထောင်စု ၀န်ကြီးတွေ၊ တပ်မတော်က တာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News