(၂၀၁၈)ခုနှစ်နောက်ပိုင်းမှာ အိမ်ရာဝယ်ယူတဲ့အခါ လက်ငင်းငွေပေးချေမှုနဲဝယ်ယူသူနည်းပါးလာပြီး ဘဏ်ချေးငွေစနစ်နဲ့ တန်ဖိုးမြင့်နဲ့တန်ဖိုးသင့် အရစ်ကျအိမ်ရာဝယ်ယူမှုပိုပိုများပြားလာတယ်လို့ အိမ်ခြံမြေ ရောင်းဝယ်ဌားဝက်ဘ်ဆိုက် ကုမ္ပဏီ  Shwe Property  တည်ထောင်သူ ကိုကောင်းသူဝင်းရဲ့ ပြောကြားချက်အရသိရပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက လုပ်ငန်းများမှ အိမ်ရာချေးငွေထုတ်ပေးမှုက (၂၀၁၈)ခုနှစ် ဧပြီလမှ စတင်ကာ တွင်ကျယ်လာ တယ်လို့သိရပါတယ်။

ပြည်သူတွေအနေနဲ့ ယခင်က အိမ်ရာတွေဝယ်ယူတဲ့အခါမှာ လက်ငင်းငွေပေးချေမှုတွေနဲ့ ၀ယ်ယူကြတဲ့အခါ လူလတ်တန်းစားတွေ၊ လခစားပြည်သူတွေအတွက် အဆင်ပြေမှုသိပ်မရှိခဲ့ပေမယ့် ယခုအခါ ဘဏ်ချေးငွေနဲ့ တန်ဖိုးမြင့်နဲ့ တန်ဖိုးသင့်အိမ်ရာတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ဝယ်ယူနိုင်ပြီ ဖြစ်တာကြောင့်အရစ်ကျအိမ်ရာဝယ်ယူမှု ပိုမိုများပြားလာတယ်လို့ကိုကောင်းသူဝင်းကပြောပါတယ်။

ဘဏ်ချေးငွေနဲ့အိမ်ရာဝယ်ဖို့အတွက် ချေးငွေချပေးတဲ့အခါမှာ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမှာရှိတဲ့ တိုက်ခန်းတွေကို ဘဏ်တွေအနေနဲ့ ချေးငွေချပေးကြတာဖြစ်ပြီး သင်္ကန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တွေအပြင် လူစိတ်ဝင်စားတဲ့ Down Town (၆)မြို့နယ်က အိမ်ရာတွေကို လူစိတ်ဝင်စားမှုများတာကြောင့် အဲ့နေရာတွေက အိမ်ရာတွေကို ချေးငွေချပေးတာများတယ်လို့သိရပါတယ်။ လက်ရှိမှာ ဘဏ်ချေးငွေနဲ့အိမ်ရာဝယ်ယူနိုင်အောင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ် စတဲ့ ဘဏ်(၃)ခုမှ အိမ်ရာဝယ်ယူမယ့်သူတွေရဲ့ ၀င်ငွေအထောက်အထားအပေါ်မူတည်ပြီး ဘဏ်ချေးငွေထုတ်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။

 

 

 

Related News