ရန်ကုန်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ၊ နဲ့  မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ပူးပေါင်းစီစဉ်တဲ့ ဂျူဒိုသရုပ်ပြပွဲကို ဇူလိုင်လ(၁၀)ရက်က ရန်ကုန်တက္ကသိုလ် အပန်းဖြေ ရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။  အခုပြုလုပ်ခဲ့တဲ့ ဂျူဒိုသရုပ်ပြပွဲမှာ အားကစားနှင့် ကာယပညာသိပ္ပံမှ ဂျူဒိုကစားသမားတွေ၊ မြန်မာ့လက်ရွေးစင် ဂျူဒိုကစားသမားတွေက ဂျူဒိုအားကစားနည်းကို သရုပ်ပြသခဲ့တာ ဖြစ်ပါတယ်။ အခုလို သရုပ်ပြပွဲတွေကို မြန်မာ နိုင်ငံ ဂျူဒိုအဖွဲ့ချုပ်အနေနဲ့ ဂျူဒိုအားကစားနည်း ပြန့်ပွားလာစေရေး၊ နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ်ကစားသမား တွေ ပေါ်ထွက်လာစေရေးနဲ့ တက္ကသိုလ်ပေါင်းစုံ ဂျူဒိုပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျူဒိုသရုပ်ပြပွဲအပြင် ဂျူဒိုသင်တန်းကိုပါ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး ဒီသင်တန်းမှာတော့ လက်ရွေးစင် ကစားသမားတွေက သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူပေါင်း(၃၀)ကျော် တက်ရောက်သင်ကြားသွားမှာဖြစ်ပြီး ဇူလိုင်လ(၁၁)ရက်နေ့ ဒီကနေ့ ကနေ စတင်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

 

 

 

Related News