မန္တလေးမြို့မှာ ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြိုပြည်သူ့စကားဝိုင်းကို ဇူလိုင်လ ၁၈ ရက်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန က ဦးဆောင်ကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီတို့ ပူးပေါင်းပြီး အာဇာနည်နေ့အကြို စကားဝိုင်းကိုပြုလုပ်တာ ဖြစ်ပါတယ်။   

ဒီမိုကရေစနစ်ကို ဖော်ဆောင်ရာမှာ အစိုးရနဲ့ပြည်သူကြားအပြန်အလှန်တိုင်ပင်ဆွေးနွေးမှုတွေရရှိစေဖို့၊ ပြည်သူတွေအနေနဲ့ မိမိတို့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို ဆွေးနွေးတိုင်ပင်နိုင်ဖို့ နဲ့ စကားဝိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးပြီး စကားဝိုင်းဆွေးနွေးတစ်ဆင့် ကိုယ်တိုင်တွေးခေါ်ကြံဆမှုတွေရဖို့စတဲ့ ဦးတည်ချက်နဲ့ ဒီလိုစကားဝိုင်းဆွေးနွေးပွဲတွေ ကျင်းပရတာလို့ သိရပါတယ်။

အာဇာနည်နေ့ အထိမ်အမှတ် ပြည်သူစကားဝိုင်းကို ဆွေးနွေးပွဲစကားဝိုင်းမှသည် ငြိမ်းချမ်းရေးရပ်ဝန်းဆီသို့ ခေါင်းစဉ်နဲ့ ဆွေးနွေး ပြုလုပ်တာဖြစ်ပါတယ်။ ဆွေးနွေးစကားဝိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဒေါက်တာစိုးသန်း၊စာရေးဆရာ ဆရာဆူးငှက်၊ စာရေးဆရာဆရာကျော်ရင်မြင့်၊ စာရေးဆရာ ဆရာခင်မောင်နှင်း(ကျောက်ပန်းတောင်း) နဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတ်ီက ဒေါ်လှိုင်ယဉ်နွယ် တို့က စကားဝိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဇာနည်နေ့နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ၊ ငြိမ်းချမ်းရေးနှင့်သက်ဆိုင်တဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမယ်လို့သိရပါတယ်။  ယခုလို အာဇာနည်နေ့အကြိုပြည်သူ့စကားဝိုင်းကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့တွေ နဲ့  ကျောင်းသား၊ကျောင်းသူများ၊ တတ်ရောက်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News