ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က ဦးစီးပြီးဖွင့်လှစ်တဲ့ သိုင်းပြောင်းပြန် သင်တန်းကို တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမမှာဖွင့်လှစ်နေတာဖြစ်ပါတယ်။ သိုင်းပြောင်းပြန်သင်တန်းကို (၂၀၁၅)ခုနှစ်ထဲက စတင်ဖွင့်လှစ်ပြီးသင်ကြားပေးနေတာဖြစ်ပါတယ်။

ဒီသင်တန်းကိုဖွင့်လှစ်တဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုကိုယ်ကာကွယ်ဖို့၊ မိသားစုအတွက်ကာကွယ်ဖို့အတွက်နဲ့ သိုင်းပြောင်းပြန်ပညာရပ်များ မပျောက်ပျက်စေရန် ရည်ရွယ်ပြီး သင်တန်းကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သိုင်းပြောင်းပြန်သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅) ဦးက သင်ကြားနေတာဖြစ်ပြီး အပါတ်စဉ် ဗုဒ္ဓဟူး၊ စနေ နဲ့ တနင်္ဂနွေ နေ့တွေမှာ သင်တန်းပေး နေတာဖြစ်ပါတယ်။

သင်တန်းချိန်ကိုတော့ မနက်ပိုင်းတစ်ချိန်ထဲ သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းကြေးအနေနဲ့ သင်တန်းဝင်ကြေး (၁၀၀၀၀)၊ လစဉ်ကြေး (၅၀၀၀)၊ သင်တန်းဝတ်စုံကြေး (၆၀၀၀) စုစုပေါင်း သင်တန်းကြေးအဖြစ် (၂၁၀၀၀) ကိုပေးသွင်းရတာဖြစ်ပါတယ်။ သိုင်းပြောင်းပြန်သင်တန်းကို ရန်ကုန်မြို့အပြင် တစ်ခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလဲ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News